[ ⚠️ : This is just imagination. Multiverse ]သူ့မြင်လွှာအလုံးစုံ ဖွင့်ကြည့်မိသည့်အခါ သူစိမ်းဆန်သော ပတ်ဝန်းကျင်ကြောင့် အံ့အားသင့်ခဲ့ရသည်။ သို့သော် သူဟာ ထိုပတ်ဝန်းကျင်ကိုပဲ စေ့စေ့ကြည့်ကာ စူးစမ်းလေ့လာမိတယ်။
ရှင်းမ်ဂျိတ်ခ်။ အရင်ဘဝက သူ့နာမည်။ကျော်ကြားအောင်မြင်သော ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်သလို၊ ငွေကြေးပြည့်စုံ၍ ပရိတ်များစွာကိုလည်း ပိုင်ဆိုင်ထားသည်။
တစ်ခုပဲ သူဟာ နည်းနည်းလေး ပွေရှုပ်တတ်ပြီး နှလုံးသားကို ကစားတဲ့နေရာမှာ နာမည်ကြီးနေရုံလေးပါ။ မင်းသမီး၊ အဆိုတော်၊ မော်ဒယ်လ်များနှင့်လည်း ခုတ်တွဲခဲ့ဖူးတယ်။
ဒါပေမဲ့ ကံမကောင်းစွာပင် သူသည် ရုပ်ရှင်ရိုက်ကူးရေးအတွက် တောင်ပေါ်တက်ပြီး ကာရိုက်တာအတွက်လေ့ကျင့်နေစဉ် တောင်စောင်းပေါ်က ပြုတ်ကျသေဆုံးခဲ့ရသည်တဲ့။ အရာရာက ရုတ်ခြည်းမြန်သလို၊ ယခုအခြေအနေကလည်း အံ့ဩစရာကောင်းလွန်းနေသည်။
သူ သက်ပြင်းယဲ့ယဲ့ချပြီး အဖြူရောင် မျက်နှာကြက်ကိုမော့ကြည့်တယ်။ ခေတ်မီသော်လည်း ရှေးခေတ်ဆန်သော ရွှေရောင်ကနုတ်များကို မျက်နှာကြက် ထောင့်စွန်းတွေမှာ တွေ့ရသည်။ ယင်းနည်းတူ တစ်ခန်းလုံးရဲ့ အသွင်အပြင်က ခေတ်မီသော တော်ဝင်နန်းဆောင်တစ်ခုနှင့် တောင်ဆင်တူသည်။
ဒါတွေကို ကြည့်ရှုမိရင်း ဒီအိမ်ပိုင်ရှင်က သာမန်လူတော့ မဟုတ်ဘူးဆိုတာ သတိထားမိတယ်။ သို့သော်လည်း သူက ဘာကြောင့် ဒီလိုဖြစ်နေရမှန်း နားမလည်နိုင်သေးဘူး။
စင်စစ် ဂျိတ်ခ်က သေဆုံးပြီးသားလူတစ်ယောက်လေ။ အကယ်၍ ဝိညာဉ်ကူးပြောင်းရင်တောင် ပိုးသတ်ဆေးရနံ့တွေ သင်းထုံနေတဲ့ ဆေးရုံတစ်ခုခုကို ရောက်နေရမှာ မဟုတ်ပါလား။
ယခုတော့ တိတ်ဆိတ်လွန်းသော အခန်းထဲမှာ လှဲလျောင်းနေရသည်။ သူ သဘောမကျပေမယ့် သည်းခံနေရင်း အိပ်ရာပေါ်မှ ထကြည့်မိတယ်။ တကယ့်ကို ထထိုင်မိရုံလေးသာ။
ထိုစဉ်မှာပဲ သူ့အခန်းထဲသို့ ဦးတည်လာသော ခြေသံတွေနဲ့ စကားသံများကိုကြားနေရပြီ။ ဒီအသံတွေကြောင့်ပဲ သူက ခပ်မြန်မြန်လှဲလျောင်း၍ အိပ်စက်ဖို့ အကြံရလိုက်သည်။ ဒါပေမဲ့ ဖြစ်ချင်တော့ သူ့မှာ ဟန်ဆောင်ချိန်တောင်မရလိုက်ဘူး။
![](https://img.wattpad.com/cover/356733513-288-k638550.jpg)
YOU ARE READING
𝖲𝗎𝖽𝖽𝖾𝗇𝗅𝗒 𝖻𝖾𝖼𝖺𝗆𝖾 𝖺 𝗆𝗈𝗆 [𝐒𝐮𝐧𝐠𝐉𝐚𝐤𝐞]ᵐᵖʳᵉᵍ
FanfictionJake was a famous and handsome actor in the past life . Nevertheless , he suddenly became a mom of one child and he got married to Park Sunghoon who is a director of ## entertainment. Language - Burmese🇲🇲 ( Unicode & Zawgyi ) Type - On...