𝖥𝖺𝗆𝗂𝗅𝗒𝗓 (Extra No.1)

985 112 10
                                    





" OMG ရူးသွားပြီလား ရှင်းမ်ဂျိတ်ခ် "

ဂျိတ်ခ် တစ်ဖြစ်လဲ ဂျယ်ယွန်းက ခေါင်းတသွင်သွင်ခါရမ်းပြီး နီမြန်းလာတဲ့ ပါးပြင်လေးကို အသာထိကိုင်ထားမိသည်။

" ရှစ် ဘာလို့ ရင်တုန်နေရတာလဲ။ သူက ယောက်ျားလေးလေ။ ဟာ...ရူးသွားပြီ "

သူသည် တစ်ယောက်တည်းကြားနိုင်တဲ့အထိ တီးတိုးပြောနေမိ၍ သူ့ကိုယ်သူလည်း ဆန်းစစ်နေသေးတယ်။

အတိတ်ဘဝက မိန်းမလှလေးတွေကိုသာ သဘောကျခဲ့ပြီး Flirt တဲ့နေရာမှာ ထူးချွန်ခဲ့သည်။ ယခုတော့ ဘာကြောင့်မှန်းမသိ အဖိုဟော်မုန်းတွေက လျော့နည်းသွားသလိုမျိုး၊ ကိုယ်တိုင် နားလည်ရခက်စွာ ဆောင်းဟွန်းကိုမြင်တွေ့တိုင်း ရင်ခုန်နေမိသည်။

သူ့ကိုယ်သူတောင် မထိန်းချုပ်နိုင်တော့ဘဲ အဲဒီအမျိုးသားကို နမ်းခဲ့မိပြီး၊ အခုတော့ ဂျိတ်ခ်က ရင်တုန်ဖင်တုန်ဖြစ်နေရသည်။

" ဟူး စိတ်လျော့ စိတ်လျော့။ ထပ်မတွေးဘဲ နေရအောင် "

တကယ်လည်း ဂျယ်ယွန်း တစ်ဖြစ်လဲ ဂျိတ်ခ်က အတတ်နိုင်ဆုံး ရှုပ်ထွေးနေတဲ့ စိတ်တွေကို ပြန်လည်စုစည်းကာ၊ တည်ငြိမ်အောင် ကြိုးစားနေသည်။ လက်ရှိမှာ နှလုံးသားလေးရဲ့ ရင်ခုန်သံတွေကြောင့် ခက်ခဲလှပါတယ်။

သက်ပြင်းအကြိမ်ကြိမ်ချမိလျက်၊ သူ့၏ ချောမောသော မျက်နှာလှလှလေးက နီမြန်းနေသည်။

" မကြိုက်ဘူး မကြိုက်ဘူး။ လုံးဝ မကြိုက်ဘူးနော် "

" အမ် ချောတာက ထားပါတော့။ လုံးဝကြည့်ကောင်းတာလည်း ဟုတ်တာပဲ။ အာ...ဒါပေမဲ့ မကြိုက်ပါဘူး "

ဂျယ်ယွန်းက တစ်ယောက်တည်းကြားနိုင်တဲ့အထိ သူ့ဘာသာခပ်တိုးတိုးလေး ရေရွတ်နေတယ်။ သူဟာ အဖြူရောင် ဟူဒီထူထူလေး ဝတ်ထားလို့ ပေါင်မုန့်လုံးလေးနဲ့ တူနေပြီး၊ အူးယားစရာလေးဖြစ်နေခဲ့သည်။

သို့သော် သူသည် အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း ရှက်မိပြီးနောက် ဆောင်းဟွန်းကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို သေချာစဉ်းစားနေတယ်။ ဒါတွေက စိတ်ကူးအတွေးတွေဖြစ်တာမို့ လက်တွေ့မှာ ဘယ်လိုတုန့်ပြန်ရမလဲ စဉ်းစားမရချေ။

𝖲𝗎𝖽𝖽𝖾𝗇𝗅𝗒 𝖻𝖾𝖼𝖺𝗆𝖾 𝖺 𝗆𝗈𝗆 [𝐒𝐮𝐧𝐠𝐉𝐚𝐤𝐞]ᵐᵖʳᵉᵍWhere stories live. Discover now