𝖥𝖺𝗆𝗂𝗅𝗒𝗓 (Extra No.2)

1.1K 104 5
                                    



After 5 months


ဆောင်းရာသီကုန်လွန်တဲ့အခါ အအေးလျော့ပါးတဲ့ နွေဦးရာသီအဖြစ် တဖန်ရောက်ရှိလာပါပြီ။

ရာသီဥတုတွေက သတိမထားမိခင်မှာ လျင်လျင်မြန်မြန်ကူးပြောင်းသွားသလို ဂျယ်ယွန်း(ဂျိတ်ခ်)နှင့် ဆောင်းဟွန်းတို့ နှစ်ယောက်ကြား ဆက်ဆံရေးကလည်း တဖြည်းဖြည်း နီးကပ်လာခဲ့တယ်။

ကျယ်ဝန်းသော ထမင်းစားခန်းနှင့်တွဲစပ်ထားသော မီးဖိုခန်းတွင်ဖြစ်သည်။ ဤနေရာက ရံဖန်ရံခါမှသာ အသုံးပြုပြီး အဓိကမီးဖိုချောင်တွင်တော့ အဒေါ်ကြီးများက ဟင်းလျာများကို ချက်ပြုတ်ပေးကြတယ်။

ဒါပေမဲ့ ဂျယ်ယွန်းက ဘာစိတ်ကူးရလည်းမသိ အေပရွန်အနက်ရောင်ဝတ်ထားပြီး မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေသည်။

" ဒါက ဂျောင်ဝန်းနီး၊ ဒါက ဆောင်း..."

" မာမီ့ "

ဂျယ်ယွန်းသည် အရသာရှိပြီး အာဟာရရှိမယ့် အမဲသားနှင့် အသီးအနှံတွေ ရောနှောထားသည့် curry , တစ်ခြားသော ဟင်းလျာများကို ထမင်းဘူးထဲထည့်နေစဉ် အသံပိစိလေးကိုကြားလိုက်ရတယ်။ ဒါက သေချာပေါက် ပတ်ခ်ဂျောင်ဝန်းလေး ဆီကမှန်း အတတ်သိသည်။

ထို့ကြောင့် ဂျယ်ယွန်းက သဘောကျစွာ ခပ်ဟဟရယ်လိုက်မိသည်။ သို့သော် သူ့၏ထမင်းဘူး ထည့်ခြင်းအလုပ်ကိုတော့ ရပ်နားခြင်းမရှိခဲ့ပါ။

" မာမီ သားသားကိုကြည့် "

" ဂျောင်ဝန်းလေး သွားမရှုပ်နဲ့လေ။ ဖွားဖွားတို့နဲ့ ဆော့ရအောင် "

ပေတလူးလေးဖြစ်အောင် အားရပါးရဆော့ထားတဲ့ နှစ်နှစ်သားအရွယ်ရောက်သွားတဲ့ ဂျောင်ဝန်းက ဂျယ်ယွန်းဆီသို့ အပြေးရောက်လာသည်။ သူ့နောက်တွင်တော့ အိမ်က အဒေါ်ကြီးများက မနည်းလိုက်ထိန်းနေရတယ်။

ဒါပေမဲ့ ဂျောင်ဝန်းကတော့ သူ့မာမီ အင်္ကျီစကို လှမ်းဆွဲပြီး သူ့အား ကြည့်စေသည်။

" မာမီ ဒီမှာကြည့် "

ဘောပင်ယူဆော့ထားမှန်း သိသာစွာ ၂နှစ်သား ဂျောင်ဝန်းလေး၏ လက်မောင်းမှာ အရုပ်လေးတွေ ဆွဲထားသေးသည်။ ဒါ့အပြင် ဝဝကစ်ကစ် ပြည့်ပြည့်လေးနှင့် ကလေးလေးက အဝါရောင်အင်္ကျီနှင် ညအိပ်ဘောင်းဘီရှည်ကိုဝတ်ထားပေမယ့် အခုတော့ ညစ်ပေနေပြီး အညိုရောင်သန်းနေပြီ။

🎉 You've finished reading 𝖲𝗎𝖽𝖽𝖾𝗇𝗅𝗒 𝖻𝖾𝖼𝖺𝗆𝖾 𝖺 𝗆𝗈𝗆 [𝐒𝐮𝐧𝐠𝐉𝐚𝐤𝐞]ᵐᵖʳᵉᵍ 🎉
𝖲𝗎𝖽𝖽𝖾𝗇𝗅𝗒 𝖻𝖾𝖼𝖺𝗆𝖾 𝖺 𝗆𝗈𝗆 [𝐒𝐮𝐧𝐠𝐉𝐚𝐤𝐞]ᵐᵖʳᵉᵍWhere stories live. Discover now