part 1💜 (uni)

403 33 9
                                    

Unicode

◦•●◉✿ KookV ✿◉●•◦

"ဟင့်..တောင်း...တောင်းပန်ပါတယ်
ဂျောင်ကုရယ်... နောက်တခါမဖြစ်စေရ
ပါဘူး...အင့် "

" တော်စမ်းကင်မ်ထယ်ယောင်း! မင်းလုပ်လိိုက်ရင်တစ်ခါမှစောက်ချိုးမပြေဘူး
သွား! ငါ့ရှေ့ကခုထွက်သွား! "

ကန်တင်းမှာဖြစ်သည်။ ဂျောင်ကုနေ့လည်စာစားဖို့အတွက် ထယ်ယောင်းမုန့်သွားမှာပေးရာ အပြန်တွင် ဂျောင်ကုအနားရောက်မှ ခလုတ်တိုက်လဲတာ အိင်္ကျီပေါ်မှောက်ကျသွားသဖြင့် အအော်ခံနေရသည်။

တကယ်တော့ ထယ်ကဂျောင်ကုရဲ့ ချစ်သူပါ ။ ချစ်သူဆိုပေမယ့်လဲ ဂျောင်ကုကိုအမြဲလိုလို အလျှော့ပေးရသည်။ ထယ့်ဘက်မှပြောမပြတတ်အောင်ချစ်ပြပေမယ့် ဘယ်သောအခါမှအကောင်းမမြင်ခဲ့...။

"အင့်...နောက်တခါမဖြစ်စေရပါဘူး
ဂျောင်ကုရယ် "

လက်မောင်းကိုဆွဲပြီး မျက်ရည်အရွှဲသားဖြင့်ခေါင်းလေးမော့ကာ တောင်းပန်ပါသော်လည်း... တွဲထားသောလက်သွယ်သွယ်ကို ဆက်ခနဲ ဆွဲဖြုတ်လိုက်ပြီး

"မင်းမသွားဘူးလား အေး! မင်းမသွားရင်ငါသွားမယ် !"

အသဲမာသူကြီးကတော့ ကျောခိုင်းကာထွက်သွားခဲ့သည်...။

"ဂျောင်ကု..."

ခေါ်ပေမယ့်ဂရုမစိုက်စွာ တချက်ပင်လှည့်မကြည့်

"ဂျောင်ကု"

လုံးဝမထူးဘူး! ။ စိတ်ထဲတွင်ပြောလျက် မျက်နှာတွင် အပြုံးတပွင့် ချိတ်ဆွဲလိုက်သည်။
အဟွန်းး...။

"ဂျွန်ဂျောင်ကု!"

အမြင့်ဆုံးနှုန်းနဲ့အော်လိုက်ပါသော ထယ်ယောင်း။

"ဟင်"

အိပ်နေရာမှနိုးလာသော ဂျောင်ကုသည်မျက်လုံးမပွင့်တပွင့်ဖြင့်ဘေးကို ကြည့်လိုက်မိရာ ကုတင်ဘေးတွင် ခါးထောက်လျှက် ရှိနေပါသော ဂျောင်ကုရဲ့အသဲအသက်စတော်ဘယ်ရီ ထယ်ထယ်လုံးလေး...။မြတ်နိုးရာလေးကို ကြောင်ပြီးကြည့်နေမိတုန်း

"ဂျွန်ဂျောင်ကု !"

အုံး!

ကြောင်တောင်တောင်ဖြင့် ကြည့်နေပါသော ဂျောင်ကု၏ ကျောပြင်ကို မကျင်နာစွာ ထုလိုက်ပြီး ထပ်ခေါ်လိိုက်သည် ။

Bangtan LifeWhere stories live. Discover now