part2 (uni)

101 14 5
                                    

Unicode 🌺

Namjoonကဦးဆောင်ကာ 6ယောက်စာလက်မှတ်ဖြတ်၍သရဲအိမ်ထဲသို့ဝင်ကြသည်။

" ထယ်ကြောက်တယ်မောင်..."

Jungkookရင်ခွင်ထဲတိုးဝင်ကာ သရဲကြောက်ပြနေသော ဂျွန်အပိုရဲ့ရည်းစား ။သရဲလာလို့ကြောက်တာကနဲနဲ ပူးကပ်ချင်လို့ လန့်ပြတာကများများ ။ဂျီမင်း ထိုအတွဲကိုကြည့်၍ မျက်လုံးအပေါ်လှန်လိုက်မိသည်။

"မောင့်ထယ်လုံးလေးကြောက်နေတာလား မကြောက်နဲ့နော် မောင်ရှိတယ် ထယ်လုံးကိုလာလုပ်တဲ့ဟာတွေအကုန် မောင်လက်သီးနဲ့ထိုးပေးမယ်နော်...မကြောက်နဲ့"

"ဟုတ်မောင်..ထယ့်ကိုကာကွယ်နော်"

"မောင့်ထယ်ကိုကာကွယ်မှာပေါ့.."

သရဲအိမ်ထဲမှာ လာရိုနေတဲ့အတွဲကို Jiminကြည့်မရတော့။ သူ့ကာလကြောင်ကိုလှည့်ကြည့်မိတော့ ကျောက်ရုပ်ကြီး ပါလာတဲ့အတိုင်း မျက်လုံးကဖွင့်ထားတာလား ပိတ်ထားတာလားတောင်မသိ။
ချစ်နေတော့လဲ မပြစ်မမြင်နိုင် ။ သူ့လူကြီးက ကျောက်တုံးလိုသာနေတာပါ သူ့ကိုတော့ချစ်ရှာပါတယ် ။

NamJinအတွဲကို ကြည့်မိတော့လဲ popcornနဲ့ colaကိုNamjoon hyungကကိုင်ပေးထားရသည်။Jin hyungကတော့ထိုမုန့်တွေကိုစားပြီး သရဲအိမ်ထဲရောက်နေတယ်ဆိုတာတောင်သတိရရဲ့လားမသိ။
မသိရင်ရုပ်ရှင်ကြည့်နေတဲ့အတိုင်း စိတ်ဆင်းညိုတယ်။

Hoseok Hyungပါလာရင်တောင်ရီရဦးမယ် ။ သူကြောက်နေတဲ့ပုံကိုကြည့်ပြီး ရယ်ရအောင် ။

"မင်းတို့ရှေ့ကနေသွားမယ်ဆိုလဲမြန်မြန်သွားကွာ။ သရဲအိမ်ထဲလာပြီးပွတ်သီးပွတ်သပ်နဲ့မျက်စိနောက်လာပြီ။ ကင်ထယ်ယောင်း မင်းလဲကြည့်လုပ်။
ယုန်ဗလမျိုးအောင်ပြီးကလေးဒါဇင်လိုက်ထွက်နေဦးမယ်"

"Hyungမနာလိုနေတာမလား ။ ရေခဲတုံးကိုရထားလို့ ကျွန်တော်တို့အတွဲကိုမနာလိုနေတာမလား။ "

အောင်မယ်... မနာလိုနေတာလားတဲ့ အဲ့လောက်ပွတ်သီးပွတ်သပ်လဲမလုပ်ချင်ပါဘူးနော်။ စစ်ကူတောင်းဖို့အတွက်သူ့လူကိုလှည့်ကြည့်လိုက်တော့ တုပ်တုပ်တောင်မလှုပ် ။

"အမလေး ငါ့လူကြီးကလူတွေရှေ့မှာမလို့ပါနော်"

"မဟုတ်မှန်းသိပါတယ်နော် ဘလာဘလာ..."

Bangtan LifeWhere stories live. Discover now