Cha : 7.2 ( uni x zawgyi )

391 46 6
                                    


အံ့သြစရာ ကောင်းရလောက်အောင်ပဲ
သူ့ ရဲ့ လက် , အား က လျော့နည်းသွား
တယ် ။ အဲ့ဒီ့ နတ်ဆိုးတစ်ကောင်လို
ကြောက်စရာကောင်းတဲ့ Arthur နဲ့
နတ်သမီးလေးလို ချစ်စရာကောင်းတဲ့
ကြောင်လေး နဲ့က လုံးဝ, ကို လိုက်ဖက်မှု
မရှိတာနော် ။


ငါ အဲ့အကြောင်းကို တွေးလိုက်မိတော့
သတိမထားဘဲ ရယ်လိုက်မိတော့တယ် ။
Arthur က သူ့ ခေါင်းကို မော့လာပြီး
ရယ်နေတဲ့ ငါ့ကို တွေ့ တော့ ကြောင်လေး
ကို ပြန်ငုံ့ကြည့်လိုက်တယ် ။

" မင်းက Yuria လို့ခေါ်တဲ့ အိမ်အကူ
ရဲ့ ညီမ , မလား ? ”


" ဟင်.... ဟုတ်ကဲ့.... ဘာဖြစ်လို့လဲ.... ? ”

နင် ဘာဖြစ်လို့ အဲ့လို မေးလာတာလဲ ?
နင် ဘာလုပ်ဖို့ ကြိုးစားနေတာတုန်းလို့ ?
အမလေးနော် ! Arthur က ကြောင်
ကို အာရုံစိုက်နေချိန်မှာပဲ ငါကတော့ သူ့
ကို အလန့်တကြားနဲ့ စူးစိုက်ကြည့်နေမိ
တော့တာပဲ ။


ပြောစရာ စကားတွေ မရှိတော့ အချိန်
က မြန်မြန်ဆန်ဆန်ပဲ ကုန်ဆုံးသွားခဲ့တယ် ။
နွေဦးရာသီ ရဲ့ လေနုအေးလေး တွေက
ဥယျာဥ်အတွင်းထဲက ပန်းပွင့်တွေကို ငြင်
သာစွာ ဖြတ်တိုက် သွားသည် ။


အဲ့ဒီ့ အချိန်မှာပဲ အသံတစ်သံ က
သူတို့ အနောက်ကနေ ထွက်ပေါ်လာခဲ့တယ် ။


" Arthur, မင်း ဒီမှာ ဘာလုပ်
နေတာလဲ ? ”


" အစ်ကိုကြီး ”


" အက်... ”

မမျှော်လင့်ဘဲ ရောက်လာတဲ့ ဒုတိယ
ဧည့်သည်ကတော့ Osses ပါပဲ ။ ငါ့
အစ်မ နဲ့ တပူးပူးတတွဲတွဲဖြစ်နေတာကို
မတွေ့ မမြင်ရတာ ကောင်းပေမဲ့ အခုလိုမျိုး
နေရာတိုင်းမှာ တွေ့ ,တွေ့ နေရတော့
မကောင်းဘူးနော် ။ ငါ့ မှာ သူ့ကြောင့်
လန့်ပြီး အရှေ့ ကို လဲကျသွားရတယ်လေ ။
ငါ့ နှာခေါင်းလေး ကို အသစ်ပြန်ပြင်ရလုနီးပါးပဲ ။

" အဆင်ပြေရဲ့လား Layla ”

Osses က အထိတ်တလန့် မျက်လုံးပြူး
မျက်ဆံပြူး နဲ့ ငါ့ကို ငုံ့ကြည့်လာတယ် ။
ငါလည်းပဲ အဆင်ပြေကြောင်း ပြန်ပြော
လိုက်ပြီး ရှက်စရာကောင်းတဲ့ အခြေနေ
ကနေ ထရပ် ဖို့ အတွက် ကြိုးစားလိုက်တယ် ။

သခင်​လေးတို့ ,ကျွန်မအစ်မကိုချုပ်​နှောင်ထားဦးမှာလား||မြန်မာဘာသာပြန်||Where stories live. Discover now