Cha : 12 ( uni x zawgyi )

374 40 9
                                    

unicode  - version

ငါ့ မျက်လုံး​တွေကို စာရင်းထဲကလူ
အ​ရေအတွက်နဲ့ ဖိတ်စာအ​ရေအတွက်
တို့ကို စစ်​ဆေးရင်း ပွတ်သပ်လိုက်မိ
တယ် ။   ငါ ဒါကြီးကို နာရီနဲ့​ကြာ​အောင်
လုပ်ရလွန်းလို့  ပင်ပန်းလို့​သေ​တော့မှာပဲ
ဟယ်    ။  အိမ်အကူ​ခေါင်း​ဆောင်က
ငါ့ကို အမြင်ကြည်သ​ဘောကျ​ပြီဆိုတဲ့
အချက်နဲ့တင် အဆင်​ပြေ​နေပြီဆိုမှ​တော့
ဆက်ကြိုးစားကြတာ​​​ပေါ့    !

အလုပ်​ပြောင်းချင်တယ်ဆိုတဲ့အ​ကြောင်း
ကို ကြို​​ပြောပြထားရင်​​ကောင်းမလား ?
ဒါမှမဟုတ်   ငါ နည်းနည်း​လောက်
ထပ်ပြီး ​စောင့်ကြည့်​နေရင်​ကောင်းမလား 
မသိဘူး  ?

"   Hmm ... "

"   ဘာဖြစ်လို့လဲ  ,  Layla  ? တစ်ခုခု
မှား​နေတာရှိလို့လား   ?     "

"    ရှ--ရှင်   ?  ဘာမှမဖြစ်ပါဘူး !    "

သူ ( မ  )  ကို  ရှက်ရွံ့စွာပြုံးပြလိုက်ပြီး
ငါ့  လက်ထဲက စာရင်းစာရွက်ကို ပြန်
အာရုံစိုက်လိုက်တယ်  ။  ငါ့အထင်​တော့
သူ ( မ  ) စီက​နေ  ဒီထက်ပိုတဲ့ နှစ်သက်
မှုရမှ ​ပြောပြတာ ပို​ကောင်းလိမ့်နဲ့တူတယ် ။
တစ်​ယောက်နဲ့တစ်​ယောက် ရင်းနှီးစပြုပြီး
ကိုယ့်အတွက် တစ်ဖက်လူရဲ့  အမြင်​ကောင်း
ကို ဖွင့်​ပေး​နေချိန်မှာ ကိုယ့်ရည်ရွယ်ချက်ကြီး
ကိုသွားပြီး​ပြောပြလိုက်ရင်  သူတို့ရဲ့  ကိုယ့်
အ​ပေါ်မှာရှိ​နေတဲ့ အ​ကောင်းမြင်မှုက ထိုးကျ
သွားလိမ့်မယ်    ။  ​ပြောရရင်  ကိုယ့်စီက​နေ
ဝမ်တစ်သန်း ​ချေးယူဖို့  အနားမှာ လာပြီး
ဟန်​ဆောင်​နေသလိုမျိုး​ပေါ့    ။

အချိန်ခဏ​​လောက်ကြာ​တော့ အိမ်အကူ
​ခေါင်း​ဆောင်က ပါးစပ်ဖွင့်လာတယ်   ။

"     Hmm ,  တစ်ခုခု ဝါးချင်​နေ
သလိုပဲ  "

"   အာ !   ဒါဆို  မဒမ် စားဖို့ တစ်ခုခု
သွားယူ​ပေးမယ်​လေ    "

"  မလိုပါဘူးကွယ် ....    "

"    မဟုတ်တာ  , ကျွန်မ  သွားယူ​ပေး
ချင်တဲ့  ဆန္ဒရှိလို့ပါ     "

ငါ  မုန့်နည်းနည်း​လောက် သွားယူ​ပေး
မယ်လို့​ပြော​တော့ သူ ( မ  )  ပြုံး
​နေခဲ့တယ်   ။ ဟဟ  .... ဒါက တိကျတဲ့
အဖြေ နဲ့  ​မေးခွန်းလိုပဲရယ်   ။  ဆိုလို
ရင်းက​တော့  ငါ့ကို  မီးဖို​ဆောင်ထဲသွား
ပြီး တိတ်တိတ်​​​​လေး ပြန်လာခိုင်းချင်တာ
ပဲ  ။  ဒါနဲ့ပဲ  ငါလည်း ထိုင်ခုံ​ပေါ် က​နေ
ထပြီး  ထွက်လာခဲ့​တော့တယ်    ။

You've reached the end of published parts.

⏰ Last updated: Apr 17 ⏰

Add this story to your Library to get notified about new parts!

သခင်​လေးတို့ ,ကျွန်မအစ်မကိုချုပ်​နှောင်ထားဦးမှာလား||မြန်မာဘာသာပြန်||Where stories live. Discover now