Cha : 5 ( uni x zawgyi )

512 53 1
                                    

ငါ့ အစ်မ က အပြစ်လုပ်ထားမိတဲ့ သူ
တစ်​ယောက်လို လန့်သွားတယ် ။

" ကျွန်မ စာအုပ် တစ်အုပ် ဆွဲထုတ်လိုက်ချိန်မှာ
မ​တော်တဆ တိုက်မိသွားတာပါ သခင်​လေး
Arthur သာ ကျွန်မ ကို မကာကွယ်​ပေးခဲ့ရင်
ဒဏ်ရာကြီးကြီးမားမား ရသွားမှာ အမှန်ပါပဲ "

ငါ့ ​ခေါင်း​လေး ကို ​မော့လိုက်ပြီး အစ်မ နဲ့
Arthur ရဲ့ မျက်နှာ​တွေကို တလှည့်စီ ကြည့်လိုက်
မိတယ် ။

စာအုပ်​တွေက အစ်မ ​ခေါင်း​​ပေါ်ကို ပြုတ်ကျလာ
ချိန်မှာ Arthur က သူမ ကို အမြန်ဆွဲလိုက်ပြီး
စာအုပ်​တွေကို သူ့ လက်​မောင်း​တွေ နဲ့ ကာကွယ်
​ပေးလိုက်တာ​ပေါ့ ။ ဒါဆို အ​ကြောင်းရင်း
အဖြစ်အပျက်က ဒီလို​ပေါ့ ? အိုး , ငါထင်
​နေတဲ့ အတိုင်းမဟုတ်လို့ ​တော်ပါ​သေးရဲ့ ။

ငါ သက်ပြင်းကို ​​လေး​လေးပင်ပင်ပဲ ချလိုက်
မိတယ် ။ သူတို့​တွေက ဘယ်​လောက်ပဲ
ကြည့်​​ကောင်း​နေပါ​စေ ​ယောက်ျား​တွေ ရဲ့
အကျင့်စရိုက်က ပိုင်ဆိုင်လိုစိတ်ရှိပြီး ​ကြောက်စရာ
​ကောင်းတဲ့ အကြံဉာဏ်ရှင်​တွေပဲဖြစ်တယ် ။

မမ ကို ကာကွယ်​ပေးသလိုလို နဲ့ နင် အမှတ်
ရ​အောင် လုပ်​နေတာမလား ? စာကြည့်တိုက်မှူး
ကို စာအုပ်​တွေ တွန်းချ​ပေးဖို့ ခိုင်းထားပြီး
မမ ကို ကူညီချင်​ယောင်​ဆောင်​နေတာပဲ ဖြစ်ရမယ် ?!

Arthur က သက်ပြင်းချလာတယ် ။

" အဖိုးတန်စာအုပ်​တွေ ညစ်ပတ်သွားတာ
မင်းကိုပဲ ​ကျေး​ဇူးတင်ရမယ် "

" ငါ့ မမ က အမှား​သေး​သေး​လေးပဲ
လုပ်မိတာပါ​နော် ..... "

ဘယ်​လောက်ပဲ ချမ်းသာတဲ့လူ​တွေ ဖြစ်ပါ​စေ
စာအုပ်​တွေ​နေရာမှာ​တော့ အစားထိုးလို့မရဘူးပဲ ။

ငါက တိုးတိုး​လေး​ပြောလိုက်​ပေမဲ့ သူကြား
လိုက်ရတာ​ကြောင့်ဖြစ်နိုင်တယ် Arthur က
ငါ့ကို အကြည့်စူးစူး​တွေနဲ့ ကြည့်လာပါ​လေ​ရော ။

" ​ဘာကိုလဲ ? "

.... Oops

" ဟမ် ? မင်း ဘာ​ပြောလိုက်တာလဲ ? "

ငါ ဘာ​ပြောလိုက်မိလို့လဲ ? ပါးစပ်​လေးကို
အသာ​လေး ပိတ်လိုက်ပြီး ရပ်​နေလိုက်တယ် ။

သခင်​လေးတို့ ,ကျွန်မအစ်မကိုချုပ်​နှောင်ထားဦးမှာလား||မြန်မာဘာသာပြန်||Donde viven las historias. Descúbrelo ahora