အာရုံထဲမှာပေါ်လာတဲ့ သူ

683 79 10
                                    

Fourth က အခု ဘယ်ရောက်နေလဲဆိုတာ မသိပေမယ့် သေချာတာကတော့ သူက အနားယူနေတဲ့မြင်းနှစ်ကောင်ဘေး ထိုင်နေမိတာပဲ။ ပြီးတော့ သူ ထိုင်နေတဲ့နေရာနဲ့ မလှမ်းမဝေးကနေ ယောကျာ်းလေးနှစ်ယောက် သူ့ဆီ ချဉ်းကပ်လာနေကြတယ်။

အဲ့ထဲက အမျိုးသားတစ်ယောက်က Fourth နဖူးကို နူးနူးညံ့ညံ့လေး နမ်းလိုက်ရင်း သူ ဘာဖမ်းမိလာလဲဆိုတာ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြလာတယ်။ သူတို့ကိုကြည့်ရတာ ပျော်စရာကောင်းတဲ့မိသားစုလေး ဖြစ်မယ့်ပုံပဲ။

ဒါက အနာဂတ်လား? ဒီအမျိုးသားကရော ဘယ်သူလဲ? မဟုတ်မှ အနာဂတ်မှာ သူ့ကို ကိုယ်၀န်ရသွားအောင်လုပ်မယ့်သူလား?

ရှူးးးးးးး

"ဒီလောက်ဆို တော်ပြီ ကျွန်တော်မျိုးထပ်မလုပ်နိုင်တော့ပါဘူး" သူ့ကို လက်ရှိဆီပြန်ခေါ်လိုက်ရင်း Fordကပြောတယ်။

တစ်ချက်မှမနားဘဲ မီတာပေါင်းများစွာ ပြေးထားသလို သူ  အသက်ရှူတွေပါပြင်းနေတာ။

"မင်းသားလေး ဘာမြင်ခဲ့လဲ?"

Fourth အသက်ရှူမှန်အောင်ထိန်းရင်း ခုနက သူမြင်ခဲ့တာကို ပြန်စဉ်းစားဖို့လုပ်တယ်။ "ပျော်စရာကောင်းတဲ့မိသားစုလေး...ကျွန်တော်က အမျိုးသားတစ်ယောက်ရယ် ကလေးလေးတစ်‌ယောက်ရယ်နဲ့ တူတူရှိနေတာ" သူ ရှင်းပြလိုက်တယ် "သူက အနာဂတ်မှာ ကျွန်တော့ကို ကိုယ်၀န်ရှိအောင်လုပ်မယ့် သူလား? ပြီးတော့ အဲ့ကလေးလေးကရော ကျွန်တော့သားလေးလား?"

"အရေးကြီးတာတစ်ခုခု မရခဲ့ဘူးလား မင်းသား?" ဖြေမယ့်အစား ထပ်မေးလာတဲ့ Ford။

ခဏလောက် သူ တိတ်သွားရင်း ခုန တွေ့ခဲ့တာကို သေချာထပ်စဉ်းစားကြည့်တယ် "အမှတ်....သူ့လက်မောင်းမှာ ကျွန်တော်နဲ့တူတဲ့ အမှတ်ရှိတယ်" ပြောရင်း Fordကို သူ့မွေးရာပါအမှတ်ကို ပြမိတယ်။ ဘ၀မှာ ပထမဆုံးအကြိမ် သူများကို သူ့အမှတ်ပြဖူးခြင်းပဲ!

အဲ့ဒီ့အချိန်မှာ အရမ်းကို တည်ငြိမ်နေတဲ့မျက်နှာနဲ့ Fordက သူ့လက်မောင်းက အမှတ်ရဲ့တစ်နေရာချင်းစီကို အသေးစိတ်ကြည့်တယ်။ Ford ဘာပြောလာမလဲဆိုတာ သူ တကယ်ပဲ စိတ်ပူမိတာအမှန်။

Implausible || Myanmar Translation (GeminiFourth ♊4️⃣ FF)Where stories live. Discover now