ခရီးလမ်း

622 61 12
                                    

ထူးကဲလှတဲ့ သစ်ဥသစ်ဖုတွေနဲ့ အမှုန့်တွေရဲ့ အနံ့က နှာခေါင်းထဲရောက်သွားရင်း Fourth သတိရလာတယ်။ သူ့လှုပ်ရှားမှုက ဆေးကုခန်းထဲက လူတွေအားလုံးကို ရုတ်ရုတ်သဲသဲဖြစ်သွားစေတယ်။

အသက်ရှူသံတွေပြင်းနေပြီး အားနည်းနေတဲ့Fourth မျက်လုံးတွေကို ဝေ့ပြီး တစ်စုံတစ်ယောက်ကို လိုက်ရှာမိတယ်။

"မင်းသားလေး ဘယ်လိုနေသေးလဲ?"

"ရေ....အာခြောက်တယ်"

သမားတော်ရဲ့အကူက အမြန်ပဲ Fourth ကို ရေတစ်ခွက်တိုက်လာတယ်။ Fourth အတွက် သမားတော် ဆေးစပ်တာမပြီးမချင်း Fourth ဘေးနားမှာ ဂရုစိုက်ပေးနေတယ်။

သိပ်မကြာလိုက်ခင်မှာပဲ Ford တိုက်ခိုင်းတဲ့ဆေးနဲ့အတူ Fourth နားကို သမားတော်ရောက်လာတယ်။ "ကျွန်တော်မျိုး မင်းသားလေးဆေးသောက်ဖို့ ကူညီပေးပါရစေ" Fourth ခက်ခက်ခဲခဲနဲ့ ဆေးပူပူခါးခါးကြီးကို နည်းနည်းချင်းစီ ကုန်အောင်ထိ သောက်လိုက်တယ်။ သူ ဆေးသောက်နေချိန်မှာ သူ့မယ်တော်၊ မန်ဂျက်စတစ် Luna နဲ့ Gemini တို့ သူတို့ရဲ့ Alpha သေးသေးလေးကို ကြည့်ဖို့လာကြတော့ အခန်းထဲက လူတွေအားလုံး ဂါ၀ရပြုလိုက်တယ်။

"မင်းသားလေး ဘယ်လိုနေသေးလဲ?" Book စိတ်ပူစွာ မေးမိတယ်။ Gemini ကတော့ Fourth နားကို အပြေးသွားတယ်။

ဆေးတိုက်လို့ပြီးသွားတဲ့ သမားတော်က "မင်းသားလေး အခြေအနေကောင်းနေပါတယ် ပိုသေချာအောင် နောက်တစ်နာရီနေရင် ကျွန်တော်မျိုး ထပ်စစ်ဆေးပေးပါ့မယ်" Fourth ဘက်လှည့်လိုက်ရင်း "မင်းသားလေး နေရတာ တစ်မျိုးဖြစ်လာတာနဲ့ ကျွန်တော်မျိုးတို့ကို မတုန့်ဆိုင်းဘဲ ခေါ်ပေးပါ တံခါး၀မှာတင် ရှိနေပါ့မယ်"

တစ်နာရီအကြာမှာ ပုံမှန်ပြန်ဖြစ်သွားတဲ့ Fourth က သူ့အခန်းကိုပြန်နိုင်ပါပြီ။ မနက်အာရုဏ်မတက်ခင်အထိ သူ့ Enigma အဖော်ပြုပေးတာခံရင်း Fourth နာရီနည်းနည်းလောက် နားဖို့လိုတယ်။ ပြီးတာနဲ့ နေ့လည်မှာ ကျင်းပမယ့် လက်ဆက်ပွဲအတွက် ပြင်ဆင်ရတော့မယ်လေ....

***

သူ့အစ်ကိုနဲ့ တင်းတင်းဖက်နေတဲ့ သူ့ Alpha သေးသေးလေးကိုကြည့်ရင်း Gemini ခပ်‌ဖွဖွပြုံးမိတယ်။ ဒီနေ့လည် လက်ဆက်ပွဲအပြီး ရက်ကောင်းရက်မြတ်တွေမလွန်ခင် Gemini က သူ့Alpha ကို မန်ဂျက်စတစ်ဆီ ခေါ်သွားဖို့လိုတာပဲဖြစ်တယ်။ ဒီငါးရက်ပြီးတာနဲ့ ရက်ကောင်းရက်မြတ်တွေ ကုန်သွားမှာမို့ မန်ဂျက်စတစ်ကို အချိန်မှီရောက်ရင်း သားမက်လေးကို ကြိုဆိုပေးဖို့လိုပါတယ်။

Implausible || Myanmar Translation (GeminiFourth ♊4️⃣ FF)Where stories live. Discover now