မျှော်လင့်ချက်ရောင်ခြည်

707 75 12
                                    

အပြာရောင်လကြတ်ခြင်းဆိုတာက တစ်နှစ်မှာမှတစ်ခါ ရှစ်လပိုင်း လလယ်မှာ ဖြစ်တတ်တဲ့ သဘာ၀ဖြစ်ရပ်တစ်ခု။ ဘယ်လိုအလင်းရောင်ကမှ မလင်းစေတော့တဲ့အထိ ကောင်းကင်ကြီးက မည်းနက်သွားတဲ့အခါ လူတွေအကုန်စုစည်းပြီး ဖန်ဆင်းရှင်ကို အကူအညီတောင်းခံကြတယ်။

မည်းနက်နေတဲ့ကောင်းကင်ကြီး ပြာလဲ့သွားချိန်ထိ စက်ဝိုင်းတစ်ခုလို စုနေပြီး လူတွေက ဆုတောင်းနေရမှာဖြစ်တယ်။ အဲ့ဒီ့အချိန် လနတ်သမီးက သူတို့ဆုတောင်းတွေကိုဖြည့်ဆည်းဖို့ ကြွလာတယ်လို့ သူတို့ကယုံကြည်ကြတယ်။ ဒီလကြတ်ခြင်းက ကမ္ဘာတစ်ခုလုံးကို အေးမြတဲ့ ပြာလဲ့ရောင်နဲ့ လွှမ်းမိုးသွားတဲ့အထိ လှပလွန်းပါတယ်။ ဒီလိုလှပမှုနဲ့ အေးမြမှုက လနတ်သမီးပေးတဲ့ လက်ဆောင်လို့ ယုံကြည်ကြတဲ့အတွက် အပြာရောင်လကြတ်ချိန်ဟာ နှစ်တစ်နှစ်လုံးမှာ အမြင့်မြတ်ဆုံးအချိန်ပဲဖြစ်တယ်။

"မင်းသားလေးFourth ကြင်ဖက်အမြန်ရှာတွေ့နိုင်ဖို့ လကြတ်ချိန်မှာ ငါဆုတောင်းပေးချင်လိုက်တာ" နန်းတော်မှာ လှည့်ပတ်အမှုထမ်းရတဲ့ အမှုထမ်းအမျိုးသမီးက ပြောလိုက်တယ်။

သူ့ဘေးက တခြားအမှုထမ်းအမျိုးသမီးက "ဘာလို့လဲ?"

"ဟောကိန်းရပြီးတည်းက နန်းတော်ရဲ့အခြေအနေက အရင်ကလို မဟုတ်တော့ဘူးလေ Alpha၊ Luna၊ မင်းသားနဲ့ မင်းသမီးတို့အကုန် ပြောင်းလဲသွားတယ် အထူးသဖြင့် မင်းသားလေးFourth‌ မေ့လဲသွားတဲ့ ဟိုနေ့မနက်ကပေါ့ သူတို့ မင်းသားလေးကို အတော်စိုးရိမ်နေကြတာ" ပြောရင်း သူ နန်းတော် မီးဖိုချောင်ကို ညစာပြင်ဖို့အတွက်ပို့မယ့် လှီးလက်စ အသီးအရွက်တွေအပေါ် အာရုံပြန်စိုက်လိုက်တယ်။

"မင်းသားလေးFourthသာ ကြင်ဖက်ရှာတွေ့‌သွားရင် နန်းတော်ရဲ့အခြေအနေက အရင်လို ပြန်စိုပြေလာမှာပဲ"

သူ့ဘေးက အမှုထမ်းက "နင်ပြောတာ ဟုတ်တယ် ဒါကြီးက စစ်ဖြစ်နေတာထက်တောင် ဆိုးသေးတယ် မင်းသားလေးကို အားလုံးက စိုးရိမ်နေကြတာ အဲ့တာဆို ငါလဲ ဖီးနစ်တော်၀င်မိသားစုရဲ့ ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းရေးအတွက် ဆုတောင်းရမယ်"

Implausible || Myanmar Translation (GeminiFourth ♊4️⃣ FF)Where stories live. Discover now