Part-1

291 27 4
                                    

"Winny...မင်းငါ့ညီကို ဘာလုပ်လိုက်တာလဲ"

"ကျွန်တော်ဘာလုပ်လို့လဲ"

ကျောင်းက ပြန်လာပြီး အိမ်ထဲမရောက်သေးတဲ့အပြင် ခြံထဲတောင်မဝင်ရသေးဘူး၊ P'Offက ခြံရှေ့မှာ ပိတ်ရပ်ပြီး သူ့ကို မေးလေတော့သည်။

"ဒါဆို Satangက ဘာလို့ငိုယိုပြီးပြန်လာရတာလဲ"

"P'Off..ဒီပုံသေနည်းကြီး‌ကတော့မဟုတ်ဘူးလေ၊ Satangငိုတိုင်း ကျွန်တော်စနောက်တယ်လို့ ထင်စရာလား"

"မင်းကြောင့်ဆိုတာ အသိသာကြီးလေ"

Offက လျင်မြန်စွာပင် Winnyခေါင်းကို တစ်ချက်ခေါက်လိုက်သည်။

"P'Off...နာတယ်လေဗျာ"

"ဒါဘာလုပ်နေကြတာလဲ"

Winny၏နောက်ကျောဘက်မှ ပေါ်လာသည့် အသံကြောင့် Offတစ်ယောက် တုန်လှုပ်သွားရတော့သည်။
နောက်တော့ သူက ပြာပြာသလဲ ငြင်းသည်။

"မဟုတ်ပါဘူး.. Winnyကို မုန့်လိုက်ကျွေးမလို့ ခေါ်နေတာ"

"မဟုတ်ဘူး P'Gun, သူကျွန်တော့်ခေါင်းကို ခေါက်တယ်"

Gunက သူ့အင်္ကျီလက်ကို ဆွဲတင်လိုက်ပြီး ခါးထောက်ထားလိုက်သည်။

"ငါ့ညီကို အနိုင်ကျင့်နေတာပေါ့ ဟုတ်သလား လူရှည်ကောင်"

ပြီးတော့ Offနားရွက်ကို မမှီ မှီအောင်လှမ်းလိမ်ဆွဲလိုက်တော့သည်။

"အား..နာတယ်လေ Gun..Gun မလုပ်ပါနဲ့"

"မင်းလိုလူက ဒါနဲ့ပဲတန်တယ်"

"မဟုတ်..မဟုတ်ဘူးလေ"

Winnyကတော့ ထိုဖြစ်အင်ကို ကြည့်ပြီး တခွီးခွီးနှင့် လှောင်ရယ်နေသည်။
ထို့အတူ Satangသည်လည်း အိမ်အပေါ်ထပ်မှ လှမ်းကြည့်ကာ သွားတန်းလေးများပေါ်သည်အထိ ပြုံးနေလေသည်။

---

Offက Satangရဲ့ ဝမ်းကွဲအစ်ကိုဖြစ်ပြီး ယခုလက်ရှိတော့ အုပ်ထိန်းသူအဖြစ် နေရာယူထားတာဖြစ်သည်။
အမှန်တကယ်တော့ Satangမိဘတွေက နယ်မှာဖြစ်ပြီး သူတို့သားလေးကို မြို့က ကျောင်းကောင်းကောင်းမှာ တက်စေချင်လို့ သူ့ဝမ်းကွဲအစ်ကိုကြီးကို စောင့်ရှောက်ခိုင်းထားခြင်းသာဖြစ်သည်။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Aug 30, 2024 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

Back To YouDove le storie prendono vita. Scoprilo ora