Part 1

2.2K 60 9
                                    

Uni....
.
.
Bar တစ်ခုဝယ်.....

ပျိုမေအများစု၏အကြည့်များသာမက ကောင်ငယ်လေးများ၏အကြည့်များကိုပါ သိမ်းပိုက်ထားသည့်အဖွဲ့တစ်ဖွဲ့...
သိသိသာသာတစ်မျိုး မသိမသာတစ်မျိုး ရှိုးနေသူများကို ဂရုမစိုက်ဘဲ ရေခဲစပ်ထားသည့် Black label ခွက်ကို ဟန်ပါပါကိုင်ရင်း မော့နေသည့် ကောင်ဆိုးလေးသုံးယောက်...

"ဟျောင့် ရာဇ်ခတ်..မင်းfatherကြီးဆီကပါမစ်ပေးတယ်ပေါ့လေ"

"ပေးရမှာပေါ့..ဒီနေ့ငါကျောင်းပြီးတဲ့နေ့ပဲ...ငါလွတ်လပ်ပြီကွ"

"ပြောပုံကကွာ..မင်းဘယ်တုန်းက မလွတ်လပ်ခဲ့လို့လဲ"

"မတူဘူးကွ..ငါဘာစာမှမလုပ်ခဲ့တာမှန်ရင်တောင် ကျောင်းဆိုတဲ့ အရာကြီးက ငါ့ကို စိတ်ညစ်စေတာပဲလေ..ခုတော့ လွတ်လပ်ပြီ..I'm freely guy"

ခွက်ကို ရှိတ်လိုက်ရင်း ပြောလိုက်သည့် ကောင်လေးတစ်ယောက်..Y2k Fashionနဲ့ကောင်​လေးသည် ကြည့်ရသည်ပင် မျက်စိရှုပ်စရာပင်..

ဂုတ်ထောက်နေသောဆံပင်ရှည်တို့က စင်းကျနေပြီးဦးခေါင်းလှုပ်လိုက်လျင်တလွင့်လွင့်..

တွဲလီတွဲလောင်း ကြိုးပေါင်းများစွာ ရှုပ်ယှက်ခတ်နေသော အင်္ကျီအနက်နှင့်ပွယောင်းယောင်း ဘောင်းဘီအနက်ဝတ်ထားသော ကောင်လေးအား သဘောကျနေကျသည်မှာအဘယ့်ကြောင့်နည်း..
...

အသက်ပင်မပြည့်သေးသော ကလေးတစ်သိုက် သောက်စားနေကြသည်မှာ ဝါရင့်အသောက်သမားတွေအလား...

သုံး​ယောက်ကြား အထင်ပေါ်ဆုံးသည် အလယ်မှ ဘာမထီမျက်နှာပေးနဲ့ကောင်လေးပေ..
တစ်လောကလုံးကို ပိုင်ထားသည့်လူလိုမျိုး...တစ်လောကလုံးရဲ့အရှင်သခင်လိုမျိုးမော်ကြွားလျက်...
ထိုသို့ ရှုတည်သောမျက်နှာပုံစံသည်လဲ လူကြိုက်များသော cool guy Typeမဟုတ်ပါလား...

ထိုcool guyလေးသည် အရှိန်အဝါကြီးသော 'ရာဇသံ'လုပ်ငန်းစု ဆောက်လုပ်ရေး company၏ အ​မွေဆက်ခံသူ..
YarZaTan companyသည် မြန်မာ့အကြီးဆုံး ဆောက်လုပ်ရေးcompanyဖြစ်သည့်အပြင် ကမ္ဘာ့အကြီးဆုံး Building company listတွင် Top 10 အတွင်းပါဝင်လေသည်...
နှစ်စဥ်ဝင်ငွေ $50 Billion အထိရှိသော company ၏အမွေဆက်ခံသူတစ်ယောက်ဖြစ်သည့်တိုင် ဆိုးပေမှုကပြောစရာမလိုပေ...

𝐇𝐎𝐋𝐘 𝐁𝐀𝐁𝐘Where stories live. Discover now