Part 2

1.1K 53 5
                                    

Uni...
.
.
.
ရာဇ်ခတ်အိမ်ပြန်ရောက်ချင်းပင် ဆက်တီပေါ် ခပ်​လျှောလျှောထိုင်လိုက်ပြီး အဖေဖြစ်သူဆီဖုန်းဆက်လိုက်သည်

"ပါပါး"

"သား..ဒီတစ်ခါတကယ်လွန်တယ်နော်"

ရာဇ်ခတ်က​ခေါ်ရုံရှိ​သေး ပါပါးဘက်က ဦးစွာပြောလာသည်

"ပါပါး..ကျုပ်မလွန်ဘူးနော်..သူတို့ကအရင်စတာ..ပြီးတော့ပါးကဘယ်လိုသိတာလဲ"

"စခန်းမှုးက ပါးကိုသိတယ်..ပါးကိုဖုန်းဆက်လာတာ.."

"ကျုပ်ကစခန်းမှာအိပ်ရတော့မယ်ထင်တာ"

"ကောင်လေး အဲ့ဒီကျုပ်ဆိုတာက အကျင့်ပါနေပြီ..ပါပါးအမြဲပြောနေတာကို မပြင်သေးဘူး"

ရာဇ်ခတ်အရင်က ကျွန်တော်ဟုသာ သုံးသော်ငြား နောက်ပိုင်း အပေါင်းသင်းနှင့်ခေတ် ကောင်းမှုကြောင့် ကျုပ်ဆိုတဲ့အသုံးကစွဲနေလေပြီ..

"ပြင်လို့မရတော့ဘူး ပါးရဲ့..ကျုပ်လဲသတိတော့ထားတာပဲ.."

"မင်းနဲ့တော့"

"ခေတ်အလိုက်ပဲလေပါးရဲ့"

ခပ်ချွဲချွဲလေးဖြင့် ပြောတော့ပါးကရယ်သည်..ငယ်ကတည်းက ပါးဘယ်လောက်စိတ်တိုနေနေ ရာဇ်ခတ်တစ်ခါ ချွဲရင်ရသည်

"ပြောပါအုန်း..ရဲစခန်းအထိဘယ်လိုရောက်ရတာလဲ"

"ပြောပြီးပြီပဲ..သူတို့ကစတာပါဆို..အ့တာကိုရုတ်တရက်ကြီး ခွေးလိုရှေ့နေ့ကရောက်လာတာ"

"သားဘယ်​လောက်ဆိုးဆိုး ပါပါးကဘာမှမပြောဘူးနော်..ရဲစခန်းရောက်တာတော့လွန်တယ်..သားမှာ ရဲစခန်းမရောက်အောင်လုပ်ဖို့ နည်းမရှိဘူးလား.."

ပါပါးစကားကြောင့် ရာဇ်ခတ်မျက်ခုံးတို့တွန့်ချိုးစပြုလာသည်

"လူတစ်ယောက်မှာ အမြဲတမ်းပြဿနာကိုကိုင်တွယ်ဖြေရှင်းဖို့နည်းလမ်းရှိနေရမယ်လေ..ဘာလို့အဖမ်းခံရတာလဲ"

ပါပါးက သူရန်ဖြစ်တာကိုစိတ်ဆိုးတာမဟုတ်ဘဲ ရဲလက်အမိခံတာကို စိတ်တိုနေပုံရပါသည်

"ပါးကလဲ ရှေ့နေဆိုတဲ့ကောင်ရောက်လာတာပါဆို..ဘယ်ချောင်(ဂျောင်)ကထွက်လာတဲ့ ခွေးပေါက်မှန်းမသိဘူး..အားလုံးကိုကျုံးချသွားတာ"

𝐇𝐎𝐋𝐘 𝐁𝐀𝐁𝐘Where stories live. Discover now