Part 3

1.4K 53 4
                                    

Uni...
.
.
.
.
"သား..ရာဇ်ခတ်"

အိမ်ထဲဝင်ဝင်ချင်းပင် ကြားရသော ပါပါးအသံကြောင့်အလန့်တကြားလှည့်ကြည့်တော့ ပါပါးက ဆက်တီဆိုဖာပေါ်ကျကျနနထိုင်နေသည်ကိုမြင်ရသည်..ပါပါးသည် အသက်လေးဆယ်ကျော်တစ်ယောက်လို့မပြောနိုင်လောက်အောင် နုပျိုလွန်းသည်..ခပ်တောင့်တောင့်ခန္တာကိုယ်နှင့် မြန်မာအဝတ်အစားတို့ကလိုက်ဖက်ညီလွန်းလှသည်

"ပါး..ဘယ်တုန်းကပြန်ရောက်နေတာလဲ"

"ခုနကပဲ..သားကရော ဘယ်ကပြန်လာတာလဲ"

"အပြင်က.."

ရာဇ်ခတ်စကားကြောင့် ပါပါးမျက်ခုံးတို့တွန့်ချိုးကုန်သည်...သို့သော်လဲတစ်စုံတရာမပြောဘဲ စိုက်ကြည့်နေသည်...ရာဇ်ခတ်ပုခုံးလေးတွန့်ပြလိုက်ပြီးနောက် အနားဝင်ထိုင်လိုက်သည်..

"သားရာဇ်ခတ်...ပြဿနာရှာတာလေးတွေနည်းနည်းလျှော့မယ်နော်...ပါပါး သားကိုမဆူချင်ဘူး"

"ပါးကလဲ...ပြဿနာက မျက်စိရှေ့ရောက်လာကို..ကျော်ခွသွားလို့မရဘူးလေ"

"ဟင်းးးရာဇ်ခတ်..သားကိုပါပါးပြောထားပြီးသားနော်..အောင်စာရင်းထွက်ပြီးရင် သားလဲ 18ပြည့်ပြီ..အဲ့ခါကျ သား ပြင်သစ်မှာကျောင်းဆက်တက်ရမှာ.."

"ဒါနဲ့ဘာဆိုင်လို့လဲ"

"သားကိုထိန်းမနိုင်တော့ရင် အခုလွှတ်လိုက်မှာ"

"ဟင်း..ပါးလုပ်နိုင်တာလဲမဟုတ်ဘဲ..ပြင်သစ်မရောက်ခင်လေး ကျေနပ်အောင်နေပါရစေပါပါးရ"

ပုခုံးကိုနှစ်ချက်ပုတ်ကာပြောပြီးအပေါ်တက်သွားသောသားဖြစ်သူကိုကြည့်ကာ ဦးလျှံတက်ရာခေါင်းခါလိုက်မိသည်...သားက ဖအေတုန်နေအောင်ချစ်မှန်းသိလို့အတော်ဆိုးသည်..ခုလည်းကြည့်..သူ့ကိုမပို့လို​က်နိုင်မှန်းသိလို့ ဆိုးနေတာ...
18ပြည့်ပြီးရင် သားနဲ့အတူမနေရတော့သည်မို့ အခုမပြည့်ခင်လေး အတူနေရအုန်းမည်လေ...

"ဟော...ဒါကဘယ်လဲ"

တွေးတုန်းရှိသော styleအသစ်နဲ့ဆင်းလာသောသားဖြစ်သူအား တအံ့တသြမေးမိသည်..ဂုတ်ထောက်နေတဲ့ဆံပင်ကလဲ ခပ်ရှုပ်ရှုပ်နဲ့အ​ပြင် သံကြိုးတွေ ချည်ကြိုးတွေရှုပ်နေသောအဝတ်အစားတို့ကလဲ လုံးဝဗရုတ်ကျလျက်ရှိသည်..

You've reached the end of published parts.

⏰ Last updated: Jul 01 ⏰

Add this story to your Library to get notified about new parts!

𝐇𝐎𝐋𝐘 𝐁𝐀𝐁𝐘Where stories live. Discover now