နယ်မြို့လေးတစ်မြို့၏ရပ်ကွက်တစ်ခုမှာဖြစ်သည်။စံပယ်လမ်းဟူသည့်အမည်အတိုင်း ရပ်ကွက်တစ်ခုလုံးရဲ့အိမ်တိုင်းလိုလို
အိမ်ပတ်ပတ်လည်မှာစံပယ်ပင်တွေနဲ့ကာရံထားကြသည်။စံပယ်လမ်းဝင်ဝင်ခြင်းမှာ ခြံဝန်းအကျယ်ကြီးရှိသည်။ထိုခြံဝန်းကြီးရဲ့ပတ်ပတ်လည်ခြံစည်းရိုးများကိုလည်းစံပယ်ပင်တွေတန်းစီကာစိုက်ပျိုးထားသလို ခြံဝန်းကြီးထဲမှာတည်ရှ်ိနေတဲ့ခဲရောင်၂ထပ်တိုက်အိမ်လေးကလည်းသပ်သပ်ရပ်ရပ်နဲ့နေချင့်စဖွယ်လေး။ထိုခြံထဲသိူ့ဝင်သွားသောသတ်လတ်ပိုင်းအရွယ် ညိိုညိုထွားထွား ခပ်ဝဝအမျိုးသမီးငယ်တစ်ဦးက မျက်နှာတပြင်လုံးသနပ်ခါးတွေဖွေးဥနေရုံသာမက ခြေဆုံးခေါင်းဆုံးသနပ်ခါးတွေနဲ့ဝင်းဖန့်နေသည်။"..သားသားရေ...သားသားရေ....ဟယ်..သားသားဘယ်ရောက်သွားတုန်း...ခေါ်နေတာပြန်မထူးဘူး..''
မမကြီးကပွဲရုံကပြန်လာတာနဲ့ သူ့မောင်နာမည်ကိုအော်ဟစ်ကာ အိမ်ထဲဝင်လာပြီး သူ့မောင်ကိုတစ်အိမ်လုံးအနှံ့ရှာတော့သည်။ထိုအချိန်တွင်မီးဖိုခန်းထဲမှာအလုပ်ရှူပ်နေကြသော မမလတ်နဲ့မမငယ်က အိမ်ရှေ့က်ိုကပျာကယာထွက်လာကြသည်။
"မမကြီး..ဘာလို့သားသားကိုအဲ့လောက်ခေါ်နေတာလဲဟယ်...သူအိမ်ထဲရှ်ိရင်ပြန်ထူးမှာပေါ့လို့.''
"အေ့လေ..ပြန်ရောက်တာနဲ့သူ့မောင်က်ိုမတွေ့ရရင်အသဲအသန်ပဲ...မမကြီးမောင်က ထုံးစံအတိုင်း မပုသား၂ယောက်ကိုသွားထိန်းနေရောပေါ့ တစ်နေ့တစ်နေ့ အဲ့ကလေးတွေမထိန်းရရင်မတွေ့ရရင်သူ့မှာစားမဝင်အိပ်မပျော်ဘူး ငါယောကျားယူပီးတောင်ကလေးမွေးပေးလိုက်ချင်တယ်ဟယ် တကယ်''
''ဟားဟား အငယ်မရယ် နင်ဟာလေ'
"အ ဆိုလဲယူလေဟယ်..ဘယ်သူတားနေလို့တုန်း''
'အေးပါ..မလတ်..ပြောထားပါ..ကျွန်တော်ယောကျားယူသွားမှမလတ်မငိုနဲ့..မမကြီးလည်းရယ်ထားပါအားရပါးရ..ဟွန်းး'
ညီအစ်မ၃ယောက်ဧည့်ခန်းထဲမှာစကားပြောနေကြစဥ်.အိမ်ရှေ့ကနေကလေးတစ်ယောက်ကိုချီပြီးတလှုပ်လှုပ်နဲ့ဝင်လာတဲ့သူတိူ့ရဲ့အသဲအသက်တစ်ဦးတည်းသောမောင်လေး သုသု ခေါ် ခေတ်သုတ။