နောက်တစ်နေ့မနက်မိုးမလင်းခင် ဝေလီဝေလင်းအချိန် သုသုတစ်ယောက် တစ်လမ်းကျော်က ကြီးစိန်အိမ်သို့စက်ဘီးလေးနင်းကာတက်တက်ကြွကြွထွက်လာခဲ့ရင်း
သူတို့လမ်းထိပ်က မုန့်ပြားသလက်တွေလည်းဝယ်သွားလိုက်သေးသည်လူကြီးတွေကြိုက်ကြသည်မလို့။ဖြစ်နိုင်ရင် ညကတည်းက လာချင်နေတာ အိပ်မက်ထဲထိတောင်ထည့်မက်လို့။အိမ်ရှေ့မှာပိတောက်ပင်တွေနဲ့အုံ့ဆိုင်းနေတဲ့ ကြီးစိန်တို့အိမ်ရှေ့ရောက်တော့ ကြီးစိန်က ခြံထဲမှာစံပယ်ပန်းခူးနေသည်ကိုတွေ့လိုက်ရတော့ သုသု ပျော်လို့မဆုံး။စက်ဘီးကိုခြံဝတွင်ရပ်ခဲ့လိုက်ပြီး
"ကြီးစိန်...ကြီးစိန်ရေ..''
"ဟေ...အိမ်ရှေ့ကဘယ်သူလဲဟေ့''
"သား...သားပါကြီးစိန်...သုသုပါ''
သုသုဆိုတဲ့အသံကြားတော့ကြီးစိန်က သူ့ခန္ဓာကိုယ်ဝဝကြီးမှအားမနာ လှုပ်တုပ်လှုပ်တုပ်ပြေးလာပီးတံခါးဖွင့်ပေးသည်။
"ကိုယ်တော်လေး..စောစောစီးစီးတော်..ဘာတွေစ်ိတ်ကူးပေါက်လာလဲ..ကျုပ်တို့ဘက်တော်မလာတာကြာလှရှိပေါ့''
သုသုက သူဝယ်လာတဲ့မုန့်ပြားသလက်အထုပ်ကိုကြီးစိန်အား လက်နှစ်ဖက်ဖြင့်တရိုတသေပေးလိုက်သည်။အ်ိမ်မှာသာဆိုးရင်ဆိုးမယ်..အပြင်လူတွေနဲ့ဆို သုသုကလူလိမ္မာ၊လူယဥ်ကျေးလေး။
"ကြီးစိန်အတွက်မုန့်လာပို့တာဗျ..အဖေတို့အတွက်ထွက်ဝယ်ရင်းကြီးစိန်များစားချင်မလားလို့..''
"သိတတ်လိုက်တဲ့ငါ့သားလေး..ကြီးစိန်
စားချင်နေတာကြာပြီ..အဲ့ဆိုင်ကစောင့်ရလွန်းလို့အေ..လာ..သားလေး..အိမ်ထဲဝင်အုံးလေ..ကိုဆန္ဒကတော့မနိုးသေးဘူး အိပ်
မက်မက်လို့ကောင်းတုန်း..''"ဟုတ်..မဝင်တော့ပါဘူးကြီးစိန်..ဟိုလေ...သားက်ို...ဟီးဟီး''
"ပြောစရာရှိတာပြောပါအေ..ကြီးစိန်ဘာလုပ်ပေးရမလဲပြော''
"သား..ကိုကိုနန္ဒဖုန်းနံပါတ်လေးလိုချင်လို့ကြီးစိန်..သားရန်ကုန်မှာအလုပ်သွားလုပ်ချင်လို့..အဖေတို့က ကိုကိုနန္ဒနဲ့ဖုန်းပြောပြီးမှ
စိတ်ချရမှလွှတ်မှာတဲ့..အဲ့ဒါ ကြောင့်..ဟီးဟီး'''