11

392 25 6
                                    

This content is only for those over 18 🚨 

ကွန်ဒိုသို့ရောက်တော့ သူက First ရှိသည့်အခန်းထဲ ဝင်ရန်ဆုံးဖြတ်လိုက်သည်......သူဝယ်လာသည့် အထုပ်ကို ချကာ ဆေသေးတ္တာကို ယူ၍ အခန်းရှေ့တွင် ရပ်သည်.....သက်ပြင်းချသော Khaotung သည် သူ့ကိုယ်သူအားပေးကာ ထိုတံခါးလက်ကိုင်ကို လှည့်ဖွင့်လိုက်သည်.......ညဘက်ဖြစ်နေသည်မို့ ခပ်ပြာပြာ အမှောင်ကြောင့် သူက မီးဖွင့်လိုက်သည်.....ရှေ့မှ နည်းနည်းတောင်အရာမရွေးသော ညနေစာဗန်းကို မြင်ရသည်......ထို့နောက် ထောင့်တွင် ဒူးကို ပိုက်ကာနေသော ကောင်လေးကိုမြင်ရသည်.......ကောင်လေးက သူထုတ်ပေးထားသော Hoodie အနက်ကိုတော့ ဝတ်ထားသား........

အိပ်ယာကြီးရှိလျက်နှင့် အိပ်ယာပေါ်တက်မအိပ်ဘဲ First က ဒူးများကို ပိုက်ကာ ကြမ်းပြင်ပေါ်တွင်သာ နေသည်......သူကအနားကို တဖြည်းဖြည်းလျှောက်သွားကာ ထိုင်ချလိုက်တော့မှ ကြည့်လာသော မျက်ဝန်းညိုညိုများ.......သူက တောက်ပသော မျက်လုံးညိုများဖြင့်ကြည့်လာသည်.......

"ဆေးထည့်ရအောင်....."

Khaotung က ပုံမှန်းအတိုင်းပင် ပြုမူကာ First ၏ Hoodie ကိုအသာလေး ချွတ်ပေးသည်......ကောင်းခါစ ဒဏ်ရာများသည် သွေးစို့ကာ ဒဏ်ရာအသစ်များပင် ပေါ်လာသည်မို့ khaotung က သက်ပြင်းချသည်....တစ်ချို့နေရာများသည် သွေးများပင် ခြောက်ကပ်နေလေလို့......Khaotung က ဂွမ်းများ ရေ အရက််ပြန် ပက်တီးနှင့်ပလာစတာများကို အသုံးပြုကာ ခပ်ဖွဖွလေးသာ လိမ်းပေးပြုပေးသည်......

တောက်လျှောက် သူ၏ မျက်နှာကိုသာ မျက်တောင်မခတ်ဘဲ ကြည့်နေသော မျက်လုံးညိုများကို မမြင်ပါဘဲလေ........

First သည် ကောင်လေး၏ မျက်တောင်ရှည်များကို အနီးကပ်ငေးသည်......သူ၏ ဒဏ်ရာများကို အာရုံစိုက်ကာ လုပ်ပေးနေသော ကောင်လေးသည် တစ်နေ့ကလို သူ့ကို ရွံရှာကြောက်ရွံ့သော အကြည့်များဖြင့်မကြည့်တော့ပေ......ထို့နောက် နှုတ်ခမ်းဖူးဖူးများကို အတန်ကြာအောင် ကြည့်မိတော့ ရင်ဘတ်ထဲမှ ဒိန်းခနဲပင် သူ့အား တုန်လှုပ်စေသည်အထိကိုပင်........

"အဲ့နေ့က.....ဘာဖြစ်တာလဲ....."

ကောင်လေးက တိတ်ဆိတ်နေရာမှ ရုတ်တရက်မေးလာသောကြောင့် First က ပုခုံးများတွန့်တက်သွားလျက်......

Wolfboy Where stories live. Discover now