13

313 26 1
                                    

"ဒါနဲ့လိုက်တယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ဒါနဲ့လိုက်တယ်....."

သူက Hoodie အသားရောင်တစ်ထည်ကို First ၏ ကိုယ်အားကပ်ပြကာ ကျေနပ်စွာပြောတော့ လက်ပိုက်ကာ ကြည့်နေသူ Book နှင့် Neo က မျက်နှာများရှုံ့တွစွာဖြင့်......

"ဒါလည်း ယူမယ်......နေဦး.....မင်းက အသားရောင်နဲ့လိုက်တယ်....."

Khoatung သည် ကြောင်အမ်းအမ်း First ကို အဝတ်အထည်ပေါင်းစုံဖြင့် ကပ်ကြည့်ကာ ​ပါးစပ်ကတစ်တွတ်တွတ်ဖြင့် အလုပ်ရှုပ်နေလျက်......

"ကွာ......ငါ Fo နဲ့ ကစားကွင်းထဲ နေခဲ့ရမှာ......"

Neo က မကြားကြားအောင် ခပ်တိုးတိုးရေရွတ်ပြတော့ Book ​က ခွပ်ထိုးခွပ်လန်ရယ်ကာ Khaotung ကတော့ မျက်စောင်းထိုးသည်......သူက အရုပ်တစ်ရုပ်ကို ဆင်နေသလိုကိုပင် First ကို အဝတ်များနှင့်ဖိနပ်ကို ဆင်ပေးသည်.......စိတ်ဝင်တစားကို ဆင်ပေးနေသော Khaotung နှင့် ဘာဆင်ဆင် မျက်လုံးကလယ်ကလယ်ဖြင့် အကုန်လက်ခံနေသော First....

အတန်ကြာအောင်ပင် Mall ထဲတွင် သူတို့ ၄ ယောက် လျှောက်ပတ်ဝယ်ကာ နေ့လယ်ကျမှ Hotpot ဆိုင်တွင် ထိုင်စားကြသည်.....Neo နှင့် Book သည် မျက်နှာချင်းဆိုင်မှထိုင်သော သူတို့၏ သူငယ်ချင်းနှင့် First ကို စိတ်ပျက်လက်ပျက် မျောက်အိုများသဖွယ် ထိုင်ကြည့်နေရတော့သည်.......First သည် ပုစွန်များကို အခွံနွှာကာ Khaotung ၏ ပန်းကန်ထဲသို့ထည့်လိုက် အသားပြားများကြီးနေလျှင် ညှပ်ပေးလိုက်နှင့် ခွံ့မကျွေးရုံတမယ် လုပ်နေတော့သည်.......

"ဆယ်ကျော်သက်ရည်းစားတွေလားကွာ........ပုစွန်က ငါနဲ့ Neo စားဖို့လည်း ထားဦးနော်......"

Book ​က ခပ်တိုးတိုးရေရွတ်ရင်း First ကိုလှမ်းပြောတော့ ဒိုင်းခနဲ မျက်နှာသေဖြင့် လှည့်ကြည့်လာသော First သည် မတုံ့မဆိုင်းဘဲ.....

Wolfboy Where stories live. Discover now