အခန်း၁၀။ ကလေးမလေးသည် ပေါင်ချိန်တစ်ထောင် အတွင်းအားကို အသုံးပြု၍ တိုက်ခိုက်ချင်နေသ

794 29 3
                                    

လီစုရှန်းသည် ဝိန်အာကို အနီရောင်ဝတ်စုံ‌‌လေးအမြန်ဝတ်‌ပေးလိုက်ပြီး သူမ၏မျက်နှာလေးကို သုတ်ပေးလိုက်သည်။

"ဝိန်အာရယ် မငိုပါနဲ့ ၊ သမီးက အရမ်းသန်မာတယ်လေနော် ”

ဆူပူကြိမ်းမောင်းခြင်း မခံခဲ့ရသော်လည်း ဝိန်အာသည် ရေချိုးကန်ကိုခွဲခဲ့မိသည့် အပြစ်ရှိစိတ်ကို ခံစားနေရသေးသည်။

"သမီး တကယ်မခွဲဘူးလို့ အန်တီစုရှန်းရဲ့"

ဝိန်အာ၏ မျက်လုံးကြီးများသည် ဒေါသအရှိန်ကြောင့် ပြူးကျယ်နေသည်။ လီစုရှန်းက သဘောကျစွာပြုံးပြီး "ဟုတ်တယ်၊ ဟုတ်တယ် ၊ သမီးခွဲတာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။

"သမီး တမင်ခွဲလိုက်တာမဟုတ်ဘူးလေနော်"

"ဟွန့်..အန်တီစုရှန်း တော်တော်ဆိုးတယ်..သမီး အန်တီ့ကို မခေါ်တော့ဘူး "

"သမီး တမင်ခွဲလိုက်တာ မဟုတ်ပါဘူးလို့ ပြောတာက ခွဲလိုက်တာကတော့ သမီးပဲလို့ပြောချင်တာပဲ'' ဟု ဝိန်အာက တွေးခဲ့သည်။ ဝိန်အာက ငယ်ရွယ်သော်လည်း မတုံးအပါချေ။

ဝိန်အာ နောက်တစ်ကြိမ် ပြဿနာရှာတော့မည်ကို မြင်လိုက်ရသဖြင့် ကျန်းဖျင် ရှေ့သို့ အမြန်တိုးသွားရသည်။

"ဟုတ်ပါပြီ၊ သမီး ခွဲခဲ့တာ တကယ်မဟုတ်ဘူး"

“ဒီရေချိုးကန်က သူ့အလိုလို ကွဲသွားတာ။ ဟုတ်တယ်မဟုတ်လား ဝိန်အာ "

"ဟုတ်တယ် ဟုတ်တယ်"

ဝိန်အာသည် သူမ၏ ခေါင်းလေးကိုယိမ်းခါ‌နေအောင် ပြင်းစွာညိတ်လိုက်ပြီး ကျန်းဖျင်၏ပေါင်ကို ဖက်ထားလိုကာသည်။

"ဖေဖေက အရမ်းတော်တာပဲ" ဟု တိုးတိုးလေးပြောသည်။ ထို့နောက် ဒေါသတကြီးဖြင့် ခေါင်းလှည့်ကာ လီစုရှန်းကို မကြည့်တော့ပေ။

"အန်တီစုရှန်းကို အရေးမလုပ်တော့ဘူး"

သူမ၏ချစ်စဖွယ်အမူအရာအား ကြည့်ပြီး လီစုရှန်းက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။

"ဝိန်အာ ၊ သမီး ညီမ‌လေးတွေနဲ့ ခဏလောက် အတူတူသွားကစားမလား"

"ဖေဖေကကော"

"သမီးတို့ရဲ့ဖေဖေက ဒဏ္ဍာရီလာကျင့်ကြံသူတစ်ယောက်တဲ့(ကျန်းဖျင်)"Where stories live. Discover now