Ep 11

9.9K 624 152
                                    

#Unicode

ကျောင်းဝန်းထဲသို့ဝင်လာသည့် Jungkook၏ခြေလှမ်းတွေက ပုံမှန်ထက်ပိုပြီး သွက်လက်နေခဲ့သည် ။
မျက်နှာကလည်း အချိုတွေလောင်းထားသကဲ့သို့ ချိုမြနေလေ၏ ... ပြုံးရယ်နေလိုက်တာများ တစ်လောကလုံးကို အပိုင်စားရထားသလိုပင် ။
အကြောင်းအရင်းကတော့ Taehyung၏လက်ကိုဆွဲ၍ အတူလမ်းလျှောက်နေရခြင်းကြောင့်ဖြစ်သည်။

"Han Somi? "

ရုတ်တရက်လှမ်းခေါ်တဲ့ Crushလေး Jungkookရဲ့အသံကြောင့် Somi၏ ရင်ခုန်သံတွေမြန်ဆန်လာခဲ့သည် ။
ဆံပင်ကို အလျင်အမြန်သ၍ Crushလေးကို အထာပေးရသေး၏ ...

"ငါနဲ့ Kim Taehyungကတွဲနေတာ!"

ရုတ်တရက် အဆက်အစပ်မရှိဘဲပြောလာတဲ့စကားကြောင့် Somiမှာ နင်သွားရသည်။
သူမရဲ့နာမည်ကိုခေါ်လိုက်တာက နှစ်ယောက်သားတွဲနေတာကို ကြွားဖို့တဲ့လား?
Crushကအသားလွတ်ကြီး  သူ့ရည်းစားကိုကြွားသွားတာမို့ ရင်ထဲမှာအောင့်သက်သက် ။
Somi ဘာမှပြန်မပြောနိုင်ဘဲ စွန့်အကာ ကျန်နေရစ်တော့သည် ။

"Yarr.... ဒီနေ့သူတို့လက်တွဲလာကြတယ်! ဒါကြီးက ထူးဆန်းတယ်မို့လား ! သူငယ်ချင်းတွေနဲ့မတူဘူး "

Jungkook နဲ့ Taehyung ရဲ့အကြောင်းကို အသည်းအသန်စိတ်ဝင်စားနေတဲ့ BBCအဖွဲ့ဝင် Yu Naက စကားစလိုက်သည် ။
Mi Jiနဲ့ So Youngကတော့ သူတို့ဆီလျှောက်လာနေတဲ့ Jungkookနဲ့ Taehyungကို ဒီအတိုင်းသာကြည့်နေလိုက်သည် ။

"နင်တို့သုံးယောက် ဘာကြည့်နေကြတာလဲ။ငါက Taehyungနဲ့တွဲနေတာ ။ Taehyungကငါ့ကောင်လေးပဲ"

ထင်မှတ်မထားတဲ့Jeon Jungkook ရဲ့စကားကြောင့် သူမတို့သုံးယောက်လုံးကြောင်သွားသည်။
ဘာမှလည်းမမေးမိဘဲJeon Jungkookက အသားလွတ်ကြီးကြွားသွားခဲ့တာဖြစ်၏။
သူမတို့နောက်ယောင်ခံနေတဲ့ကိစ္စကြီးကို ကာယကံရှင်ကိုယ်တိုင်က ဖွင့်ပြောသွားတာမို့ ပါးစပ်အဟောင်းသာဖြင့်သာကျန်နေခဲ့တော့သည် ။

"Jungkook ... မင်းဘယ်လိုဖြစ်နေတာလဲ။ ဘာဖြစ်လို့တွေ့သမျှလူတိုင်းကို လျှောက်ပြောနေတာလဲ ။ မင်း မရှက်ဘူးလား!"

Jungkook မရှက်ပေမယ့် Taehyungကတော့ အတော်လေးပင်မျက်နှာပူနေပြီဖြစ်သည် ။ ကျောင်းဝန်းထဲဝင်ကတည်းက တွေ့သမျှလူတိုင်းအား ကြော်ငြာဝင်နေတဲ့ Jungkook ကိုလည်း Taehyung မနိုင်တော့ပေ ။

From Best Friend To Bed Friend(Completed)Where stories live. Discover now