ပန်းလေသွေး၍‌ အေးစေချင်အပိုင်း(၂)

17 1 0
                                    

"ဆောင်းမနက်ခင်းရဲ့အေးစက်စက်ရှိမှူက ဒေါက်တာထူးမြတ်ခန့်ကျော်ကိုအိပ်ရာထက်မှာပိုပြီးခပ်ကြာကြာရှိနေစေသည်။

"သားငယ် မနိုးသေးဘူးလား ဆေးခန်းသွားရမယ်‌ဆိုဒီနေ့ အိပ်ခန်းအပြင်ကမာမီ့ရဲ့ခေါ်သံကြောင့်ထူးမြတ်ခန့်ကျော် လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။

သားအမိတွေဆိုပေမယ့် မာမီဟာ သားတွေရဲ့အခန်းကိုလက်လွတ်စပယ် ၀င်လာလေ့မရှိပေ။

အိပ်ရာဘေးခုံပေါ်ကနာရီငယ်မှာလက်တံက ရှစ်နာရီကိုညွှန်ပြနေသည်။

"သား နိုးပါပြီ မဟုတ် ကျွန်တော်နိုးပါပြီမာမီ
ကျွန်တော်ရေချိုးပြီးရင်မနက်စာဝိုင်းမှာတွေ့မယ် မာမီ"

ကျောင်းပြီးတည်းက သားဆိုတဲ့နာမ်စားကိုဖြုတ်ပြီး

ကျွန်တော်ဆိုတဲ့နာမ်စားကိုအသုံးပြုလာခဲ့ပေမယ့်
မာမီနဲ့စကားပြောရင်တော့အနည်းငယ်လွဲချော်နေတုန်းပင်။

ရေချိုးခန်း၀င်ပြီးထွက်လာတော့ ဘီဒိုထဲကတီရှပ်ကိုထုတ်လိုက်သည်။

မာမီကအသားဖြူပေမယ့် သူကဒယ်ဒီ့ကိုတူသည်မို့

အသားကခပ်ညိုညိုရှိသည်။

စူးရှရှမျက်လူံးတစ်စုံက ဒေါက်တာထူးမြတ်ခန့်ကျော်‌ဆိုတဲ့သူ့ရဲ့ကိုယ်ပိုင်မူဟန်တစ်ခု
နှုတ်ခမ်းပါးပါးကထွက်လာတဲ့တည်ကြည်လေးနက်တဲ့စကားတွေ မြင်ရုံနဲ့ရှိန်သွားစေတဲ့ ဟန်တစ်ခုက သူရဲ့ကိုယ်ပိုင်ပင်။

ဒေါက်တာတွေကြားမှာထူးမြတ်ခန့်နိုင်နှင့်ထူးမြတ်ခန့်ကျော်ဆိုတဲ့ညီကိုနှစ်ယောက်ကပညာရပ်အရကျော်ကြားပေမယ့်

အရှုပ်အရှင်းကင်းပြီးတည်ကြည်တဲ့ပုံစံနဲ့ထူးမြတ်ခန့်ကျော်ကတော့ မိန်းကလေး‌ေ‌တွရဲ့အကြိုက်ပင်။

အ၀တ်အစားလဲပြီးနောက်
စီးကရက်ဗူးကို ဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်သည်။

သူ့ရဲ့မကောင်းတဲ့အကျင့်တစ်နေ့ကိုဆေးလိပ်တစ်လိပ်လောက်တော့သောက်ဖြစ်ခြင်းပင်။

အိမ်အောက်ထပ်ကိုဆငိးလာတော့
မနက်စာဝိုင်းမှာလူစုံနေသည်။

"သားငယ်အိပ်ရာထနောက်ကျတာလား
ဒီနေ့ဆေးခန်းထိုင်ရမှာကိုမေ့များနေတာလား"
မာမီ့၏အမေးကိုကော်ဖီသောက်ရင်းဒယ်ဒီကလည်းလှည့်ကြည့်သည်။

"ကျွန်တော်မမေ့ပါဘူးမာမီ ညကစာနည်းနည်းဖတ်နေလို့အိပ်ရာထနောကိကျသွားတာပါ"
"ညီလေး မင်းဒီနေ့ဆေးခန်းသွားရင်း မာမီ့ဖို့တိုင်းရင်းဆေးခန်းမှာ‌‌ေဆးတခါတည်း၀င်ယူခဲ့အုန်းနော်

ကိုကြီးချိနိးထားတာလေးရှိလို့အဲ့ဘက်ကလမ်းမကြုံလို့"

ထူးမြတ်ခန့်နိုင်ရဲ့စကားသံကြောင့်မျက်မှောင်ကိုကြုတ်ရင်းကော်ဖီသောက်နေရာကမော့ကြည့်လိုက်သည်။

ဒေါက်တာဘွဲ့ကိုသာပိုက်ပြီးအလုပ်သေချာမလုပ်ဘဲ
မိန်းမတွေနဲ့ရှုပ်နေတဲ့အကိုကိုစိတ်ပျက်တဲ့အကြည့်မျိုးဖြင့်သာ။

သူ့အကိုကြီးကိုသူချစ်ပေမယ့်
ဒီလိုမိန်းမရှုပ်ပြီးအကျင့်ပျက်ရည်းစားများတာမျိုးကိုတော့သူသဘောမကျျပေ။

"ကောင်းပါပြီ ဒါနဲ့မာမီရောဘာမှာစရာရှိသေးလဲ ကျွန်တော်တခါတည်းလိုတာတွေ၀ယ်ခဲ့ပေးမယ်လေ မာမီ မာမီကနှလုံးရောဂါသည်မို့ကျွန်တော်အတတ်နိုင်ဆုံးတော့အပင်ပန်းမခံစေချင်ပေ။

"ဒယ်ဒီ ညကျရင် ဒေါက်တာရဲမွန်တို့ကဝိုင်းရှိတယ်တဲ့သားလည်းလိုက်ခဲ့မယ်နော် ပါတီကသူတို့အိမ်တင်တဲ့ဒယ်ဒီ"

အကိုကြီး၏ဆက်ပြောသံကြောင့်မာမီမျက်နှာမကောင်းဖြစ်သွားသော်လည်း အကိုကြီးကတော့မမြင်ပုံပင်။

သူပါ ဒယ်ဒီနဲ့လိုက်ရရေးသာအဓိကတွေးထားပုံပင်။

"အိုခေသားကြီး ဒယ်ဒီ့ကိုဆေးခန်းမှာ၀င်ခေါ်လိုက်အိမ်ပြန်လာရေမိုးချိုးပြီးမှသွားကြတာပေါ့"
ဒယ်ဒီ့၏လေသံကြောင့်သူ၀င်ပြောလို့ရမယ်မထင်မှန်းထူးမြတ်ခနိ့ကျော်သိလိုက်သည်။

"မနက်စာကိုမြန်မြန်စားလိုက်ရင်း မာမီကျွန်တော့်ကိုကားနားထိလိုက်ပို့ပေးပါလား"

"ဟုတ်ပါပြီရှင် မေ့သားငယ်ကို‌လိုက်ပို့ပါ့မယ်ရှင့်"
မာမီကအပြုံးလေးနှင့်မနက်စာဝိုင်းကထတော့ မာမီလက်ကိုကိုင်ကာ သူအိမ်ရှေ့ကားဆီသို့လျှောက်လာလိုက်သည်။

ဒီမိသားစုမပြိုကွဲအောင်ထိန်းသိမ်းထားရတဲ့မာမီ့ကိုကျွန်တော်သနားပေမယ့် ကျွန်တော်ကိုယ်တိုင်လည်းမတတ်နိုင်ဘူးလေ။

ကားကိုဆေးခနိးဆီသိုါဦးတည်လိုက်သည။

###နောက်ကျသွားလို့ဆောရီး😞

ပန်းလေသွေး၍ အေးစေချင်Where stories live. Discover now