အိမ်ပြန်ရောက်တော့အမေ့ကိုမတွေ့သည်မို့ အကောက်စိတ်ပူသွားတယ်။
အမေ ဘယ်များသွားပါလိမ့်။
"အီးး အီးးနင်တို့ကငါ့ကိုအနိုင်ကျင့်တယ် ငါ့သမီးခင်သေပြညိုနဲ့တိုင်ပြောမယ်နင်တို့ကို ရွာလမ်းအတိုင်းလျှောက်ရှာရင်းအမေ့ငိုသံကြားလိုက်သည်မို့ ကြည့်လိုကမိသည်။
မန်ကျည်းပင်ကြီးအောက်အရိပ်တစ်နေရာတွင် ခြေဆင်းကာငိုနေသောအမေ။
ဘေးကဝိုင်းနေသောကလေးတစ်စု။
""အမေ အမေဘာလို့ဒီရောက်နေတာလဲအိမ်မှာပဲနေတာမဟုတ်ဘူး"
အကောက်ပျာပျာသလဲဆွဲထူပေမယ့်အမေကမက်တပ်ထမရပ်ပေ။
"ခင်သေပြညိုကြည် ငါ့လောက်စလုံးတွေကိုသူတို့ညစ်ယူတယ် ပြန်ယူပေး""အမေကအကောက်ကိုမော့ကြည့်ပြီးထွက်လာသောမျက်ရည်တွေသုတ်ကာပြောသည်။
"ကြီးတော်ပစ်တာမှမမှန်တာ သားတို့ညစ်တာမဟုတ်ဘူး"ဖိုးလုံးကလည်းပြန်ရန်တွေ့သည်။
"ကဲပါဖိုးလုံးရယ် အမပြန်ပေးမယ်နော်လောလောဆယ်တော့ သူ့လောက်စာလုံးလေးတွေပြန်ပေးလိုက်နော်ခနပဲအမနောက်နေ့ကျပြန်ပေးမယ် "
အမေ့ကိုပြောမရမယ်မှန်းသိတော့ဒီဘက်ကကလေးကိုအကောက်ချော့ပြောရသည်။
""ပြီးရောဗျာ ကြီးတော်နောက်လာမဆော့နဲ့သားတို့ဆီ""
မကျေမချမ်းသံဖြင့်ထုတ်လာပေးသောလောက်စာလုံးဆယ်လုံးခန့်ကို၀မ်းသာအားရလှမ်းယူနေသောအမေ့ကိုကြည့်ကာအကောက်စိတ်မကောင်းဖြစ်ရသည်။
ဒီရန်ပွဲငိုပွဲတွေကနေ့စဉ်ကြုံနေရသောအမေနှင့်ကလေးတစ်သိုက်ရဲ့ပြသာနာတွေပေါ့။
နောက်ရက်ဆိုအမေကလည်းပုံမှန်လာဆော့အုန်းမည်။
ထုံးစံအတိုင်းရန်ဖြစ်ကြပြန်တည့်လိုက်ကြပေါ့။
ဟုတ်ပါတယ်။
အကောက်အမေကစိတ်ဝေဒနာသည်တစ်ယောက်
ဘယ်ကဘယ်လိုရောက်လာမှန်းမသိတဲ့စိတ်ေရာဂါသည်တစ်ယောက်ပေါ့။အမေ့ဇာတိကဘယ်ကဘယ်လိုမှန်းတောင်မသိရတာ အကောက်အဖေဆိုတာတော့သိတတ်စအချိန်ကစဝေးရောပေါ့။
YOU ARE READING
ပန်းလေသွေး၍ အေးစေချင်
Romanceခင်သပြေညို ကျွန်ေတာ့်ရဲ့အချစ်သည်ခင်သပြေညိုဆိုတဲ့အမျိုးသမီးရဲ့အမည်နာမဖြင့်အစပြု၍ နိဂုံးသတ်ကတော့ သူမနှင့်အတူရှိခြင်းဖြစ်ဖို့မျှော်လင့်မိပါတယ်။