မနက်ခင်းရဲ့နေရောင်ခပ်နွေးနွေးက ပတ်၀န်းကျင်တစ်ခုလုံးကို ဖြန့်ကျက်ကျရောက်နေသည်။
ခပ်လှမ်းလှမ်းက ဟောဒီ့ကပဲပြုတ်ဆိုတဲ့ ပဲပြုတ်သည်ဒေါ်လုံးမ အသံခပ်စူးစူးကိုလည်းပီပီသသကြားနေရပြီ။
အချိန်အားဖြင့်မနက်အာရုဏ်ဦး ငါးနာရီခန့်။
အကောက်တို့တစ်နေ့တာစပြီဆိုတဲ့ သဘာ၀အလေ့အကျင့်အရအိမ်ရှေ့က ရွှေကျီးကလည်းတအာအာ နဲ့အော်နေပြီ။
အကောက်နာမည်က ခင်သပြေညို
အားလုံးခေါ်ကြတာတော့အကောက်တဲ့တစ်နေ့လုပ်တစ်နေ့စားပတ်၀န်းကျင်မှာကြီးပြင်းလာတဲ့အေကာက်အတွက်ခင်သေပြညိုဆိုတာ အမေတစ်ယောက်တည်းကေခါ်တဲ့နာမည်တစ်ခုပါပဲ။
အကောက်တို့ကမြို့နဲ့လှမ်းတဲ့ရွာငယ်လေးမှာနေတဲ့သာမန်ကုန်စိမ်းသည်လေးတစ်ဦးပါပဲ။
သာမန်လူတွေထက်ထူးတဲ့အသားအရောင်ဖြူဖြူနဲ့ဆံနွယ်ကောက်ကောက်လေးတွေကြောင့် အကောက်နေတဲ့ရွာလေးမှာတော့ချစ်ဖွယ်အဆင်းရှိသောမိန်းမပျိုတစ်ဦးပေါ့။
အကောက်တို့ရွာလေးက ရွာလို့ပြောတာထက်ကို ဈေးသည်တွေစုနေတဲ့ရွာဝိုင်းအစုလေးလို့ခေါ်ရမလိုပါပဲ။အိမ်ခြေနှစ်ရာလောက်သာရှိသည်မို့ အေးချမ်းတိတ်ဆိတ်လှသည်။
အကောက်မှတ်မိသလောက်
အကောက်သိတတ်စအရွယ်ရောက်တော့အေကာက်တို့သားအမိက မြို့ကိုဈေးလာရောင်းတဲ့ဒေါ်ဖြူတို့နဲ့ဒီရွာကိုလိုက်လာခဲ့ကြသည်။ဒီလိုနဲ့ပဲ အကောက်ဒီအရွယ်ရောက်တဲ့အထိဒီ ရွာစုလေးမှာနေခဲ့ကြသည်။
"မိကောက်ရေ မိကောက် ဈေးကောက်ဖို့နောက်ကျနေပြီ လာလေ ကြီးတော်စာဥရော
အိမ်ရှေ့ကအော်ခေါ်သံက အကောက်ရဲ့တစ်ဦးတည်းသောသူငယ်ချင်းစံစံဆိုတာ သူ့ရဲ့အသံပါဝါအရ သိလိုက်သည်။ဒီမိစံတော့ ငါ့အမေကိုစာဥလို့မခေါ်နဲ့ဆိုတာ ပြောလို့ကိုမရဘူး အကောက်စိတ်ထဲကတွေးလိုက်ရင်း ကျောက်ပြင်မှာကျန်နေတဲ့ရွှေပြည်နန်းသနပ်ခါးကို လက်မောင်းတွေကိုခပ်သွက်သွက်ပွတ်လိမ်းလိုက်သည်။
YOU ARE READING
ပန်းလေသွေး၍ အေးစေချင်
Roman d'amourခင်သပြေညို ကျွန်ေတာ့်ရဲ့အချစ်သည်ခင်သပြေညိုဆိုတဲ့အမျိုးသမီးရဲ့အမည်နာမဖြင့်အစပြု၍ နိဂုံးသတ်ကတော့ သူမနှင့်အတူရှိခြင်းဖြစ်ဖို့မျှော်လင့်မိပါတယ်။