ဉယျာဉ်မှူးလေးရဲ့ကိုကို

97 4 4
                                    

ဉယျာဉ်မှူးလေးရဲ့ကိုကို🥀

ချစ်ခြင်းမေတ္တာတွေအကြောင်းပြောပြဖို့ဆိုရင်
ပန်းလေးတွေနဲ့အစချီ သီကုံးဖွဲ့ဆိုဖို့လိုအပ်တယ်မလား...

ကျွန်တော်ပျိုးထားတဲ့ ပန်းလေးတွေက ချစ်ရသူလေးအတွက်ကျွန်တော့်ချစ်ခြင်းတွေကို ဖော်ပြဖို့ လုံလောက်နိုင်ပါ့မလား...
သေချာနေတာတစ်ခုကတော့ ကျွန်တော့်ပန်းလေးတွေ မျက်နှာငယ်ရတယ်..

[ ]ကျွန်တော့်ချစ်ရသူလေးနဲ့ယှဉ်တော့  လှပတဲ့ ပန်းခင်းကြီးလည်း ခင်ဗျားလေးအလှမှာ မှေးမှိန်သိမ်ငယ်သွားရတာပါဘဲ...🌼🌺🥀🌸🌷🌻
[ ]                                  #🥀JEON Jungkook
[ ]
အပိုင်း(၁) ~🥀ဉယျာဉ်မှူးလေးရဲ့ကိုကို🥀

         "ဟယ်လို ပါး သား ဂါဆာမ်(ဂါဆာမ်=သဘာဝရှုခင်းတွေနဲ့ လှပတဲ့ နယ်မြို့ငယ်လေး)     ကိုရောက်ပီ။
ဒီဒေသကအရမ်းလှတာပဲ သားရဲ့ကော်ဖီဆိုင်နေရာလေးက ရှုခင်းတွေကို ငေးမောဖို့ အကောင်းဆုံးပဲ။
အားလုံး သေချာစီစဉ်ပေးထားတဲ့ ပါးပါးကို အရမ်းကြီးချစ်...ဟီးဟီးးး"

" လိုချင်တာရရင် ဖြီးလို့ဒီကောင်တော့ဖအေ့လုပ်ငန်းတွေမှာ လက်လွှဲယူပီး ဉီးဆောင်နိုင်တဲ့အရည်ချင်းရှိနေရဲ့သားနဲ့  ကော်ဖီဆိုင်ဖွင့်ချင်နေတဲ့မင်းရဲ့ခေါင်းကြောမာမှုကို ငါတကယ်မနိုင်ဘူး။ဒါလည်း မင်းမားမားနဲ့တစ်ထေရာတည်းဘဲ။"

"ဒါကြောင့် park jiminတော်စမ်းပါ ရယ်
[ ] စီးပွားရှာပီး အိမ်ထောင်ပြုရမယ့်အရွယ်ရောက်ပီ အခုထိ ကလေးဆန်နေတုန်းပဲ..."
[ ]"ပါးကဘာလဲ ဒီသားလေးတစ်ယောက်ထဲရှိတာကို လွတ်လွတ်လပ်လပ်လေးပေးမနေချင်ဘူးလား
[ ] ပါးပါး ရယ်..."
[ ]"အော် အခုလည်းငါက မင်းကိုဘာတွေများတားမြစ်ထားတာရှိလို့လဲ။
[ ]မင်းသဘောအတိုင်းပဲ လုပ်နေတာတွေကြီးပါ။
[ ]ကဲတော်ပီ...ဒီကိစ္စကိုဒီမှာပဲထား မားမားပြောမယ်သားလေးအရေးကြီးတာ ဆိုးလ်မှာလို ပါးနဲ့မားနဲ့ကအနားမှာရှိနိုင်တာမဟုတ်ဘူး ကိုယ့်ကိုယ်ကို ဂရုစိုက်နော်သား။
[ ]သားစီးပွားရေးကိုမလုပ်ချင်လည်း မားကအတင်းမခိုင်းဘူး။"
[ ]"ဟုတ်ကဲ့ပါ သားကလေးမဟုတ်တော့ပါဘူး..
[ ]သားကိုစိတ်မပူပါနဲ့နော် ပါးနဲ့မားသာအစစအရာရာ ဂရုစိုက်ပါနော်,...
[ ]သားအတွက်တော့ သားရဲ့ကော်ဖီဆိုင်လေးနဲ့ ဒီဒေသက အဓိပ္ပါယ်တွေအများကြီးရှိပါတယ်.."
[ ]နွေးထွေးမှု နဲ့သာယာတဲ့မိသားစု ဘဝလေးထဲpark jiminဟာ အရာရာပြည့်စုံနေခဲ့ပီး
[ ]ဆန္ဒလေးက ကော်ဖီဆိုင်လေးလို အရမ်းကြီးမခမ်းနားမနေရင်တောင် မြတ်နိုးနေတာမို့အရာရာအဆင်ပြေနေသူလေးပါ။
[ ]စည်းစိမ်တွေပြည့်နက်နေတဲ့ဘဝထက် ရိုးရှင်းတဲ့သာမာန်ဘဝလေးကိုပိုင်ဆိုင်ချင်တယ်
[ ]လှပအေးချမ်းတဲ့ ဒေသလေးမှာ စိတ်ချမ်းသာနေထိုင်ချင်တဲ့ သူက စိတ်ထားလေးနူးညံသလို
[ ]လူလေးကလည်း မထိရက်မကိုင်ရက်အောင်နူးညံ့လွန်းလှတယ်။
[ ] စက်ဘီးလေးတစ်စင်းနဲ့ မညီမညာမြေလမ်းလေးထက်မှာ လှိမ့်ရင်း သဲ့သဲ့လေး တိုက်ခတ်နေတဲ့လေညှင်းရယ် ဘေးပတ်ပတ်လည်က ပန်းခင်းကြီးရယ်ကြောင့် ဂျီစိတ်တွေ ရွှင်လန်းတက်ကြွစွာရှိနေခိုက်..

ဉယျာဉ်မှူး လေးရဲ့ကိုကိုWhere stories live. Discover now