ဉယျာဉ်မှူးလေးရဲ့ကိုကို 🥀
အပိုင်း ၅🥀
အတွေးလွန်ခြင်းတွေဟာ သံသယအဖြစ်ပြောင်းလဲသွားတယ်လို့ ဆိုရအောင်လည်း သူနဲ့ကိုယ်နဲ့က ဘာမှမဆိုင်။
သဝန်တိုမိနေရင်တောင်သူဟာ ကိုယ့်အပိုင်ဖြစ်မနေ။ နည်းနည်းလေးတောင် သက်ဆိုင်မှုမရှိ။
တင်းကျပ်တယ် စိတ်တွေမွန်းကျပ်ရတယ်။
ကိုယ့်ဘက်က ချစ်လိုက်ရအောင်လည်း ရေရာတဲ့အဖြေအတိအကျ မပေးခဲ့မိ။
မာနကြီးနေမိခဲ့တာကိုးး။
သူဘယ်အချိန် ကိုယ်မဟုတ်တဲ့အခြားသူနဲ့ အတူရှိနေမလည်း တွေးပီးပူရ။
ဒါဟာ သဝန်တိုခြင်းများလား။
ချစ်သူ ရည်းစား ဆက်ဆံရေးတစ်ခုမှာ စ/လယ်/ဆုံး !!သဝန်တိုမှုတွေရှိတယ်မဟုတ်လားလား။
ကိုယ့်ချစ်သူကို တစ်ခြားတစ်ယောက်နဲ့အတူမြင်ရရင် ကိုယ်က အမြင်မကြည် သဝန်စိတ်ဖြစ်ရတာဟာ ချစ်စိတ်ကြောင့်မလား။ကိုယ့်စိတ်ကို အချစ်နဲ့ပတ်သတ်တဲ့သဝန်တိုရခြင်းမေးခွန်းပေါင်းမြောက်များစွာထုတ်နေတဲ့ Jeon Jungkook ဟာအလေးအနက်ထားပီးကို တွေးနေမိတယ်။
☁ခင်ဗျားကို မုန်းဖို့ကြိုးစားတော့မယ်..☁
ပြန်တွေးတိုင်း ခေါင်းခါထုတ်မိတာ အကြိမ်ကြိမ်အခါခါ။
ဘယ်လိုမုန်းလို့ရမှာတဲ့လည်း သူ့ကိုအရူးအမူးကပ်တွယ်နေတဲ့ ဒီလူသားလေးကို
သူ့ကို တစ်ခုပီးတစ်ခု စွဲငြိအောင်ကြိုးစားနေသူလေးကို...
ဖူးနုဉထွေးနေတဲ့ကိုယ်လုံးသေးသေးလေးနဲ့ လူလေးကို ဘယ်လိုနှလုံးသားနဲ့ မုန်းရက်ဖို့ဖြစ်နိုင်လိမ့်မှာတဲ့လည်း။မမုန်းနိုင်တော့ ချစ်ကြည့်ချင်နေမိတဲ့jk သူ့အတွေးနဲ့သူညိမ့်ညိမ့်လေးစီးဆင်းနေတဲ့ရင်ခုန်သံကိုနားထောင်နေမိပီး တစ်ယောက်ထဲပြောနေမိပါတယ်။
"ခင်ဗျားကို ကျုပ်အရမ်းချစ်မိတော့မယ်
park Jimin
ခင်ဗျား အရင် ကျုပ်ကို ချဉ်းကပ်လာတာမို့ ကျုပ်အချစ်ကြမ်းမိရင် စိတ်မကောက်ဖို့သာ ပြင်ထားပေါ့ အဟွန်းး"ပိုလှနေတာပန်းတွေက အချစ်စိတ်တွေ ဖုံးကွယ်ထားတဲ့ မျက်နှားဖုံးတွေကွာကျပီးခါမှ။
ပိုပီးနွေးထွေးနေတာ နေရောင်ခြည်တွေက
အချစ်တွေဝန်ခံဖို့ အတွေးလေးနဲ့ အငြင်းစကားဝါကျတွေဖျက်သိမ်းပီး အမှောင်ဖုံးတဲ့စိတ်တွေခေါက်ချိုးပီး။
YOU ARE READING
ဉယျာဉ်မှူး လေးရဲ့ကိုကို
Fanfictionပန်းတွေရယ် ကိုကိုရယ် မောင်ရယ် ချစ်ခြင်းမေတ္တာတွေရယ်.🌹🌼🌷🌸🌺