ဉယျာဉ်မှူး လေးရဲ့ကိုကို

20 1 2
                                    

ဉယျာဉ်မှူးလေးရဲ့ကိုကို🥀

အပိုင်း ၄🥀

သူမနှစ်မြို့နိုင်မှန်းလည်းရိပ်စားမိပါရဲ့..
သို့သော် ရှေ့ဆက်တိုးဖို့ ကိုပဲ အရဲစွန့်လိုက်သော်
သူရဲ့ အမုန်းတွေမခံယူဝံ​ခဲ့။
မြင်လေကြာလေ သံယောဇဉ်တွေပတ်မိလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့မို့

**ကြီးမြတ်သောစေတန်..
ကျွန်ုပ်ပျိုးသော မျှော်လင့်ခြင်း အိုင်းရစ်ပြာ(Iris)
လေးတွေပွင့်လန်းစေတဲ့အခါ
သူ့ထံမှ ငဲ့လင့်တန်ပြန်သော ချစ်ခြင်းမေတ္တာရောင်စဉ်တွေ အကျွန်ုပ်ထံ ဖြာစင်းကျရောက်ပါစေသား...။**

နက်နဲတဲ့ ချင်းခြင်းမေတ္တာတွေအတွက် Dandelions(ဒုဓလီ)ပန်းလေးတွေနဲ့ ဆန္ဒ ပြုခြင်းတွေ ရှိမယ်။
ချစ်ရသူထံမှ "မင်းကမ်းပေးမယ့် လက်တစ်စုံ"ဆိုပီး မျှော်လင့်ခြင်း အိုင်းရစ်ပြာလေးတွေ နှလုံးသားထဲဖြစ်ထွန်းနေဆဲ ချစ်သူ။

🌻🌼🌺🌷🌸🌹💐

လူငယ့်လက်မောင်းထက်ခဏတာလေးပဲတွဲခိုခွင့်လေးက တကယ်ကိုကြည်နူးဖို့ကောင်းခဲ့တာ
ကိုယ့်အပြုံးတွေဟာ လှပတဲ့ထိုအခိုက်အတန့်လေးကို ယခုထက်တိုင်ခေါ်လာမိတယ် မြတ်နိုးရလွန်းလို့။

ပန်းခင်းကြီးဆီကိုယ်ဘဲအရောက်သွားပေမယ့် လူငယ်ကတော့ ကိုယ်ရှိရာ ရပ်ဝန်းလေးကို တစ်ခေါက်လေးလောက်ခြေဉီးလှည့်ဖို့ တွေးမိမယ်မထင်တော့လည်း ကိုယ်ကိုယ်တိုင်အပါခေါ်ရတော့မှာပေါ့ လူငယ်။

စက်ဘီးလေးထားရစ်ခဲ့ပီး ခြေလျင်သာလာခဲ့တော့
အခွင့်ရေးပဲဆိုမလား တွေ့လိုက်ပါပီ လူငယ့်ရဲ့မာမားကို။
jiminအမြန်သွားပီးနှုတ်ဆက်လိုက်တယ်။

"မင်္ဂလာပါ အန်တီ နေကောင်းရဲ့လားခင်ဗျား"

"ဟော သားjiminပါလား မင်္ဂလာပါကွယ်
အန်တီနေကောင်းပါတယ်။
သားရောအဆင်ပြေရဲ့လား.။."

"ဟုတ်ကဲ့ ကျွန်တော်အဆင်ပြေပါတယ်ခင်ဗျာ.."

အဆင်မပြေတာ ယောက္ခမကြီးသား
ကျွန်တော့်ရဲ့အနာဂတ်
ခင်ပွန်းလောင်းလျာလေးအမြင်မကြည်တာလေးပဲရှိတာပါ လို့စိတ်ထဲကရေရွတ်လိုက်ကာ ကိုယ့်အတွေးနဲ့ကိုယ်ပြုံးစိစိဖြစ်နေပါတယ်။

ဉယျာဉ်မှူး လေးရဲ့ကိုကိုWhere stories live. Discover now