ဉယျာဉ်မှူးလေးရဲ့ကိုကို 🥀
အပိုင်း ၆🥀
ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာတွေ မောင့်အပေါ် သက်ရောက်တဲ့အခါ မောင့်ရဲ့ တည်တင်းနေတတ်တဲ့ မျက်နှာချောချောမှာ အပြုံးရိပ်လေးတွေထင်ဟပ်စေပြီ။
ဒါဟာ ကိုယ့်အတွက် အမျှော်လင့်ခဲ့ရဆုံး အချစ်ကဖန်ဆင်းပေးတဲ့ လက်ဆောင်တစ်ခုပါ။
မောင်ခေါ်တဲ့ အသဲငယ်ဆိုတဲ့ နာမ်စားလေးမှာ ကိုယ့်အသဲနှလုံးတစ်ခုလုံး မောင့်လက်ထဲရောက်သွားသလိုကို မောင်ဟာ ကိုယ့်ကို ပြုစားလိုက်တာပါ။
မောင့်အတွက်ပေးချင်တဲ့ချစ်ခြင်းမေတ္တာတွေဟာလေ*မောင်သိထားတာထက်ပိုတယ်*။
*...*အဲ့ထက်လည်းပိုပါတယ်။
အရမ်းချစ်တာ poney ဆိုတဲ့ပျိုနီပန်းလေးတွေသိသလို ဖိုးလမင်းကြီးလည်း သိနိုင်ပါလိမ့်မယ်။ကိုယ့်မျက်ဝန်းတွေထဲက မောင်ဟာ နှလုံးသားနက်နက်တစ်နေရာထဲမှာ ရှိနေတယ်ဆိုတာ
မောင်အကြွင်းမဲ့ ယုံကြည်ပေးနိုင်ကောင်းပါရဲ့။"မောင် ..."
"ဗျာ.."
"berry cake စားချင်လား သည်းငယ်ကိုပြော"
"အခုလောလောဆယ် အရမ်းစားချင်နေတာရှိတယ်"
"အမ်း ဘာလဲ ပြောလေမောင်"
jk မျက်နှာက ညစ်ကျယ်ကျယ်နဲ့ သူ့ရဲ့အသည်းငယ်လေးကို နစ်ဝင်မတတ်စူးစိုက်ကြည့်လိုက်တာ...
"အဟင်း.. အသည်းငယ်ရဲ့ Cherry lip လေး သိပ်အရသာရှိတာ မောင်စားချင်တယ် ပေး စားပါလား."
"အမ်.."
နားမလည်ဟန်ရှိတဲ့ jiကတော့ သူလုပ်ဖူးသမျှ အစားအသောက်တွေထဲမှာ မောင်ပြောနေတဲ့ဟာကိုမကြားဖူးတာမို့ အသေချာ စဉ်းစားနေခိုက်
မောင့်မျက်နှာကြီးက ငုံ့ချလာကာ မျက်လုံးတွေက နှုတ်ခမ်းလေးစီသာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာမို့ မောင်ပြောတဲ့ cherry lipကိုjiနားလည်လိုက်၍. ပါးစပ်လေးအုပ်ကာ ရှောင်ထွက်မည်အပြု သန်မာတဲ့ တက်တူးအပြည့်နဲ့လက်တစ်စုံဟာ jiခါးလေးအား ပိုင်နိုင်စွာ ချုပ်ကိုင်ထားတော့
လူကောင်သေးတဲ့သူလေးမှာ လှုပ်မရ လှည့်မရ မလူးသာ မလွန့်သာနဲ့ရှိပါတယ်။
YOU ARE READING
ဉယျာဉ်မှူး လေးရဲ့ကိုကို
Fanfictionပန်းတွေရယ် ကိုကိုရယ် မောင်ရယ် ချစ်ခြင်းမေတ္တာတွေရယ်.🌹🌼🌷🌸🌺