အခန်း ။ ၁၂ ။ " ငါတို့ မင်္ဂလာပွဲက ပြီးသွားပြီ .. မင်းက ငါ့မိန်းမပဲ "
စားသောက်ဆိုင်အပြင်ဘက်သို့ ရောက်မှသာ ဖန်းရှင်းရှု အသက်ပြင်းပြင်းရှုရဲတော့သည် ။ သူမ တချိန်လုံး တည်ငြိမ်မှုမပျက်အောင်ထိန်းထားရသည်က မလွယ်ကူလှ ။ ကားရပ်နားရာနေရာတွင် သူမအား စောင့်နေပုံရသော ပုံရိပ်တစ်ခုကို မြင်လိုက်ရချိန် ဘာကြောင့်မှန်းမသိ မဆိုသလောက်လေး စိတ်အေးသွားရသည် ။
လုယွင်ရွီသည် သူမအား မည်းမှောင်နေသော အမှုအရာဖြင့် ရန်လိုစွာကြည့်နေပေမဲ့ ရှင်းရှု ဒေါသထွက်နေတဲ့ ကြောင်ရိုင်းလေးကဲ့သို့သာ မြင်နေရပါသည် ။
ကြည့်ကောင်းတဲ့သူတွေက ဒေါသထွက်နေတာတောင် ဆွဲဆောင်မှုရှိနေရော ...
လုယွင်ရွီသည် မိမိ၏ကိုယ်ပိုင်ကားသဖွယ် သူ့ကားအတွင်းသို့ ဝင့်ကြွားစွာဝင်လာပါသော အမျိုးသမီးအား မျက်လုံးထောင့်ကပ်ကာ ကြည့်လိုက်သည် ။ သူ တသက်မှာ လူတစ်ယောက်ကို တစ်ခါမှ ဒီလောက် အမြင်မကပ်ဖူးဘူး ။ သူ သူမကို ရိုက်နှက်ချင်ပေမဲ့ မလုပ်နိုင်နေဘူး ။
" ငါတို့ ဘယ်သွားကြမလဲ ? "
ဖန်းရှင်းရှု ၏ အသံက အလွန်သက်တောင့်သက်သာ ဖြစ်နေပြီး မိတ်ဆွေရင်းများသဖွယ်ပင် ။
သူမ အသံနဲ့ ဆန့်ကျင်စွာ လုယွင်ရွီမှာတော့ အေးစက်ခက်ထန်မှု အပြည့်ဖြစ်လို့နေသည် ။
" မင်း ဘယ်သွားချင်လဲ ? "
ဖန်းရှင်းရှု : " .... "
စိတ်လျော့ ... စိတ်လျော့ ..
" ကောင်းပြီ .. ညစာစားမဲ့ အကြောင်းပြချက်ကို ဖယ်လိုက်ကြစို့.. ငါတို့ လိုရင်းကို တိုက်ရိုက်ပြောကြတာပေါ့ ။ နင် ငါ့ဆီက လိုချင်တာ ဘာလဲ ? "
ဖန်းရှင်းရှု မျက်လွှာအသာပင့်လိုက်ရင်း မေးလိုက်သည် ။ သူမလို ဘာမှမရှိတဲ့ လူတစ်ယောက်ဆီကနေ ဘာလိုချင်လဲဆိုတာ သူမ တကယ်ကို စဉ်းစားလို့မရဘူး ။
ပြောရရင် သူမသည် မနေ့ တစ်နေ့ ကမှ ဤကမ္ဘာသို့ ရောက်လာသော အသစ်ကလေးဖြစ်ပြီး သူမ၏ လက်ရှိ ပိုင်ဆိုင်မှုမှာ ခရစ်ဒစ် တစ်သိန်းဝန်းကျင်သာရှိလေသည် ။ သူမကို နောက်ထပ် ဦးနှောက်တစ်ခု ထပ်ပေါင်းပေးမယ်ဆိုရင်တောင် လုယွင်ရွီက အဲ့တစ်သိန်းကို လိုချင်လို့ ချင်းကပ်တာဟု မတွေးဝံ့ပါချေ။
YOU ARE READING
我的小先生是一個女生 ( ငါ့ရဲ့လူကြီးမင်းလေးက အမျိုးသမီးတစ်ယောက် )
Ciencia Ficción" မိန်းကလေး .. အခု မင်းရှေ့က အမျိုးသားကို တသက်လုံးစာအတွက် လက်တွဲဖို့ ဆန္ဒရှိပါသလား ? " - : " ငါ ဆန္ဒရှိ -! " " မင်းရူးနေလား ? ဘယ်လိုလုပ် မိန်းကလေး တစ်ယောက်ကို လက်ထပ်ရတာလဲ ? မင်း လက်ထပ်လို့ မရဘူး " - : "???" ယောကျာ်းလေးနဲ့ မိန်းကလေး လက်ထပ်တာ ဘာများမှ...