အခန်း ။ ၁၁ ။ Beta မဟုတ်ဘူး
စားသောက်ဆိုင်သို့ သွားရာလမ်းတစ်လျှောက်တွင် လုယွင်ရွီမှာ ကားမောင်းဖို့သာ အာရုံစိုက်နေပြီး ဖန်းရှင်းရှုမှာ ဘာတွေးနေမှန်း မသိရချေ ။ ဤသို့ဖြင့် တိတ်ဆိတ်သောလေထုနှင့်အတူ စားသောက်ဆိုင်သို့သာ ရောက်သွားခဲ့သည် ။ ကြိုတင်စောင့်ဆိုင်းနေသည့် ယုံစန်းကြောင့် သူမတို့ ရှာဖွေဖို့ အချိန်မကုန်တော့ပေ ။
ယုံစန်း သူမ ဘေးက လုယွင်ရွီ အား မလိုလားသလိုကြည့်လာခဲ့သည် ။ အပြင်လူပါလာတာ မနှစ်သက်သည့်ပုံပင် ။ လုယွင်ရွီမှာ ယုံစန်းအား တွေ့ လိုက်သည်နှင့် မျက်နှာတစ်ခုလုံး ကပ်ဆိုးတစ်ပါးအလား ဆိုးရွားသွားတော့သည် ။
" မင်းတွေ့ မဲ့သူက ဒီလူလား? "
ဘာကြောင့်မှန်းမသိ မေးလာသည့် လုယွင်ရွီ၏အသံက မုန်းတီးရွံ့ ရှာ မလိုလားမှုနဲ့ ပြည့်နေသည်ဟု ခံစားရလေသည် ။ သူမ ခေါင်းအသာယမ်းရင်းဖြင့် ပြန်ဖြေလေသည် ။
" မဟုတ်ဘူး .. ငါက ထူးခြားတဲ့အဆင့်အတန်းရှိတဲ့ သူ့ရဲ့ မိတ်ဆွေကို လာတွေ့ တာ "
လုယွင်ရွီမှာ မည်သူဖြစ်မှန်း သေချာခန့်မှန်းမိပုံဖြင့် ဖန်းရှင်းရှုအားယုံစန်းအရှေ့မှ ဆွဲခေါ်လိုက်သည် ။
" အဲ့လူတွေနဲ့ မပတ်သက်နဲ့ "
ဖန်းရှင်းရှု တစ်ချက်မျှတွေးလိုက်ပြီးနောက် လုယွင်ရွီ နား အနားသို့ တိုးကပ်ကာဖြင့် ပြောလိုက်သည်။ " သက်သေခံကဒ်မရှိပဲနဲ့ စစ်တပ်ထဲ ဝင်လို့ရလား ? "
စစ်တပ်ဆိုသည့်အသံကြားသည်နှင့် မနှစ်မြို့ပါသော လုယွင်ရွီသည် ဖန်းရှင်းရှု အား ပြန်ဖြေသော်လည်း မေးခွန်းနဲ့ အဖြေမှာ အပေါက်အလမ်း မတည့်ပါချေ ။
" မင်းက သက်သေခံကဒ် မရှိရအောင် ပင်လယ်သားရဲမို့လို့လား ? "
ဖန်းရှင်းရှု လုယွင်ရွီ၏ လက်အား ဖြုတ်ချလိုက်ပြီး ယုံစန်းထံ မျက်နှာချိုသွေးသည့် အပြုံးလေး ပြုံးပြလိုက်သည် ။
" စောင့်နေရတာ တောင်းပန်ပါတယ် .. သွားရအောင်လေ "
" မင်း ! " လုယွင်ရွီ သူ့ထက်ပင် လက်ပေါက်ကပ်သော အမျိုးသမီး ကြောင့် ဒေါသ ထောင်းခနဲ ထွက်သွားသည် ။ သို့သော် သူ့ဒေါသများ မပေါက်ကွဲခင်လေးမှာ အမျိုးသမီး၏ ဝင်သက်ထွက်သက်က သူ့နားရွက်သို့ ရိုက်ခတ်လာသည် ။
YOU ARE READING
我的小先生是一個女生 ( ငါ့ရဲ့လူကြီးမင်းလေးက အမျိုးသမီးတစ်ယောက် )
Fantascienza" မိန်းကလေး .. အခု မင်းရှေ့က အမျိုးသားကို တသက်လုံးစာအတွက် လက်တွဲဖို့ ဆန္ဒရှိပါသလား ? " - : " ငါ ဆန္ဒရှိ -! " " မင်းရူးနေလား ? ဘယ်လိုလုပ် မိန်းကလေး တစ်ယောက်ကို လက်ထပ်ရတာလဲ ? မင်း လက်ထပ်လို့ မရဘူး " - : "???" ယောကျာ်းလေးနဲ့ မိန်းကလေး လက်ထပ်တာ ဘာများမှ...