Hate(1)

420 28 12
                                    

Unicode

လူချမ်းသာများနေတဲ့ရပ်ကွက်တွင်ဖြစ်သည်။
တိတ်ဆိတ်ငြိမ်သက်သောပတ်ဝန်းကျင်ဟာရပ်ကွက်ရှိလူတန်းစားများ၏အဆင့်အတန်းကိုဖော်ပြနေသယောင်။
ကားသံမပြောနှင့်အပ်ကျသံတောင်မကြားရသောလမ်းမကြီးဟာလည်းအလွန့်အလွန်ပင်တိတ်ဆိတ်နေသည်။ဘာလို့ဆီုသူဌေးများဟာအခုချိန်အိပ်ယာမထသေးလို့ပင်။

အဆင့်အတန်းမြင့်သည့်အိမ်များဟာလည်းလမ်းမကြီး၏ဘေးတစ်ဖက်စီတွင်အလွန်လှပ၊ခေတ်ဆန်၊အထက်တန်းကျနေသည်။

ထိုအိမ်များစွာများထဲမှရွှေရောင်Jeonအိမ်တော်ဟာလည်းတဖိတ်ဖိတ်တောက်ပလျက်ပင်။​ေပ3500ပတ်လည်ရှိသောJeonအိမ်တော်၏ခြံဝန်း​မှာအခြားအိမ်များထက်သီးခြားခွဲထွက်၍အရှိန်အဝါနှင့်တောက်ပနေသည်။

Jeonအိမ်တော်အတွင်းရှိရွှေရောင်ဝရံတာပေါ်တွင်တော့အမဲရောင်လှုပ်ရှားမှုလေးဟာJeonအိမ်တော်၏အိမ်ထောင်ဦးစီးလေးဖြစ်သလိုJeonအိမ်တော်၏ဂုဏ်ဆောင်လေးလည်းဖြစ်သည်။

"ဒေါ်လေးKim~"

"လာပါပြီရှင့်..သခင်လေးဂျွန်ဘာများခိုင်းချင်လို့လည်း"

"ommaကိုတချက်လောက်သွားကြည့်ပေးပါလားဗျ

နက်မှောင်နေတဲ့ဆံပင်လေးတွေနဲ့ခေါင်းလုံးလုံးလေးတွေကိုအနည်းငယ်ကိုင်းကာရိုသေစွာပြောလာတဲ့ကောင်ငယ်လေး~

"သွားကြည့်ပေးမှာပေါ့....သခင်လေးရယ်"

"ဟုတ်ကဲ့ဒေါ်လေး...ကျေးဇူးပါဗျ"

စကားပြောသံလေးဟာလည်းအလွန်ကိုယဥ်ကျေးပြီးအသံလေးဟာလည်းချိုမြနေပါသည်

"ဒါနဲ့ဒေါ်လေး...သားမနက်စာကိုအပြင်မှာပဲစားလိုက်တော့မယ်နော်"

"​အိမ်မှာမစားသွားဘူးလား"

"ေနပါစေတော့ဒေါ်လေးရယ်...ဒေါ်လေးလည်းသပ်သပ်အလုပ်ရှုပ်တယ်သားလည်းအလုပ်စောစောသွားချင်လို့"

"အေးပါကွယ်..အေးပါ"

အဲ့ကလေးကအဲ့လိုပင်...ကိုယ်ကသူ့အိမ်ကအလုပ်သမားဆိုပေမယ့်မနက်စာကိုအပြင်မှာစားမယ့်အကြောင်းကိုသေသေချာချာလေးအရေးတယူပြောပြပါသည်။ထိုကလေးဟာလူတစ်ဖက်သားကိုလည်းလေးလေးစားစားဆက်ဆံတတ်တဲ့ချစ်စရာကောင်းတဲ့အကျင့်လေးလည်းရှိသည်။

Hate(မုန်းသည်)Where stories live. Discover now