Hate(2)

197 27 4
                                    

Unicode

ဂျောင်ကုတစ်ယောက်လေဆိပ်ကိုမြန်မြန်လေးမောင်းလာခဲ့ရသည်။သူမြန်မြန်မရောက်ရင်'ယူလေး'ကသူ့ကိုစိတ်ဆိုးနေမှာပင်။

15မိနစ်လောက်အကြာမှာ​ေတာ့လေဆိပ်ကိုရောက်၍ဂျောင်ကုတစ်ယောက်သူ့ညီလေးကိုလိုက်ရှာရပါသည်။
ခရီးသွားလို့ကောင်းတဲ့ရာသီဖြစ်သောကြောင့်တခြားမြို့ကခရီးသွားတွေကောနိုင်ငံခြားကခရီးသွားတွေပါလေဆိပ်ထဲမှာပြည့်နှက်နေသည်။

ဂျောင်ကုကလူတွေအများကြီးတွေထဲကမှသူ့ညီလေးကိုကြိုးစားလိုက်ရှာသော်လည်းမတွေ့ပါ။ထို့ကြောင့်ဖုန်းခေါ်ကြည့်ရန်ဆုံးဖြတ်လိုက်သည်ပင်။

'ဂျွန်နာယူ'ဆိုတဲ့ဖုန်းကောလေးဟာဝင်သွားခဲ့သော်လည်းတစ်ဖက်ကရည်ရွယ်ချက်ရှိရှိပင်ချပစ်ခဲ့သည်။

ဂျောင်ကုတစ်ကိုယ်လုံးပူထူသွားခဲ့ရသည်။လွန်ခဲ့တဲ့15မိနစ်လောက်ကမှသူ့ကိုလာကြိုဖို့ခေါ်ထားတဲ့ကလေးကခုချက်ခြင်းပြီးပျောက်သွားတော့ဂျောင်ကုစိတ်ပူသွားခဲ့ရသည်။

"ဟယ်လို~မန်နေဂျာလီ!ကျွန်တော့ညီလေးပျောက်သွားလို့seoulတစ်မြို့လုံးကcctvတွေအကုန်ကြည့်ပြီးလိုက်ရှာပေးပါ"

ceoတစ်ယောက်ဖြစ်တဲ့သူကသူ့မန်နေဂျာကိုအမိန့်ပေးလိုက်သည်။Jeon groupဆိုတဲ့လုပ်ငန်းစုဟာကိုးရီးယားတစ်နိုင်ငံလုံးရဲ့topလုပ်ငန်းစုတစ်ခုဖြစ်တာကြောင့်လုပ်ပိုင်ခွင့်တွေဟာအားလုံးသူတို့လက်ထဲမှာပင်၊ကောက်ရိုးပုံထဲအပ်ကျသွားတာတောင်ရှာနိုင်တဲ့အထိအာဏာရှိသည်။သူ့ညီလေးကိုရှာနိုင်မှာသိပေမယ့်သူကိုယ်တိုင်ကလည်းထိုင်မနေချင်တာကြောင့်လေဆိပ်ထဲမှာမျှော်လင့်ချက်လေးနဲ့လိုက်ရှာနေရပါသည်။

__________________________________________________

လူချောကင်မ်ထယ်ယောင်းတို့ကာစီနိုဝိုင်းမှာပြဿနာရှာပြီးတဲ့နောက်သူ့babyလေးကိုးရီးယားပြန်ရောက်နေသည်ဆိုသောကြောင့်ဒုံးကျည်ထက်မြန်တဲ့အမြန်နဲ့ကားမောင်းပြီးလေဆိပ်ကိုသွားကြိုကာသူ့တိုက်ခန်းကိုခေါ်လာသည်။

"ကိုကိုနော်...ဇွတ်တွေမလုပ်နဲ့ခရီးပန်းလာတယ်"

လည်တိုင်ကိုဇွတ်နမ်းနေသူကိုခေါင်းကနေကိုင်ပြီးတားရသေးသည်။မဟုတ်ရင်သူကအစားခံရတော့မှာ။

Hate(မုန်းသည်)Where stories live. Discover now