Hate(3)

335 25 4
                                    

Unicode

ဂျောင်ကုဂျွန်စံအိမ်​ေတာ်အပြင်ဘက်မှာယောင်လည်လည်လေးဖြစ်နေတုန်းအိမ်ထဲကိုဝင်လာတဲ့လူတစ်ယောက်ရဲ့ခြေသံ။

"ယူလေး!"

ဂျောင်ကုသူ့ညီလေးစီကိုအမြန်ပြေးသွားပြီးပြေးဖက်လိုက်ပေမယ့်ပုတ်ထုတ်ခံလိုက်ရတဲ့လက်တစ်ဖက်။

"omma"

သူ့ကိုဂရုမစိုက်ဘဲနဲ့ommaစီပြေးသွားတဲ့သူ့ညီလေးကြောင့်ဂျောင်ကုစိတ်မကောင်းပေမဲ့လည်းပေါ်လာတဲ့ommaရဲ့အပြုံးလေးကြောင့်သာသူသက်ပြင်းချနိုင်သည်။

"ommaသားလေး~"

ommaရဲ့အသံဟာသူ့ကိုပြောတုန်းကလိုမာထန်မနေဘဲတစ်ကယ့်ကိုပျော့ပျော့ပျောင်းပျောင်းလေး။

"သားပြန်လာပြီomma"

ပြေးဖက်လိုက်ကြတဲ့သားအမိနှစ်ယောက်ကြားမှာသူဟာမသိရင်ဘေးလူတစ်ယောက်လို။

ဂျောင်ကုဟာသူ့မိသားစုရဲ့အရေးစိုက်မှုကိုမခံရတာတောင်သူ့အမေနဲ့သူ့ညီလေးတို့ပျော်နေတာကိုဘေးကနေ
ကြည့်ပြီးမျက်ရည်ဝဲနေသေး။

"ommaသားလေး~ပိန်သွားလိုက်တာ...အစားရောကောင်းကောင်းစားရဲ့လား"

"ommaစိတ်ထင်လို့ပါ သားကပိုပြီးတောင်ချောလာသေးတယ်"

နာယူပြောသလိုဘဲနာယူဟာလည်းဂျောင်ကုနဲ့မတူတစ်မျိုးလှသူဖြစ်သည်။ဂျောင်ကုထက်အနည်းငယ်ပုတဲ့ခန္ဓာကိုယ်လေးဟာလုံးလုံးလေးဖြစ်နေပြီးမျက်နှာလေးကတော့တစ်ကယ့်အလှလေး။

စကားတွေတပြောပြောနဲ့အိမ်ထဲကိုဝင်သွားတဲ့သားအမိနှစ်ယောက်ကအပြင်မှာနေပူပူနဲ့ရပ်နေတဲ့ဂျောင်ကုကိုတော့မြင်မယ်မထင်။

ဂျောင်ကုရဲ့နှုတ်ခမ်းလေးဟာကွေးတက်သွားပေမယ့်မျက်ဝန်းအိမ်ဝိုင်းဝိုင်းလေးမှာတော့မျက်ရည်အနည်းငယ်ဝေ့နေလေသည်။ကြာလာတော့လည်းသူဟာနေသားကျလာပြီဖြစ်သည်။သူ့ဦးနှောက်ကသူ့ကိုအကြိမ်ကြိမ်အားပေးနေခဲ့သော်လည်းသူရဲ့နှလုံးသားလေးဟာနာကျင်မြဲနာကျင်နေသည်။

အဆာလွန်​​နေတဲ့ဗိုက်ကိုလျစ်လျူရှုလို့အလုပ်သွားဖို့သာပြင်ရတော့သည်။အလုပ်မှာကသူမရှိလို့မှမဖြစ်တာ။

You've reached the end of published parts.

⏰ Last updated: Feb 24, 2024 ⏰

Add this story to your Library to get notified about new parts!

Hate(မုန်းသည်)Where stories live. Discover now