"ဟဲ့နင်တို့ကိုငါပြောစရာရှိတယ်"
"မင်းကနေ့တိုင်းပြောစရာရှိနေတာဘဲ"
"အေးလေ ရှိန်းပြောတာမှန်တယ်"
"အတည်ပြောမှာ"
"ပြောဟာပြော"
"ငါလေနောက်လကျ ကိုကိုနဲ့အင်္ဂလန်လိုက်သွားမှာ"
"ခေတ်မင်း အဲ့တာဆိုUniကရော"
"ကိုကိုက Uniကိုပြောပေးမယ်တဲ့"
"အားကျပါတယ်ဟယ်"
ခေတ်မင်းနေကြာတစ်ယောက်Uniရောက်ထဲက ရှိန်းနဲ့လေညှင်းကို ပြောစရာရှိတယ်ဟုဆို၍နေ့ခင်းအတန်းဆင်းချိန်တွင်ကျောင်းဝန်းအတွင်းရှိ ဒေါ်ရွှေထမင်းဆိုင်သို့ခေါ်လာ၍အင်္ဂလန်သွားမည့်ကိစ္စကိုပြောပြနေလေသည်။ခေတ်မင်းနေကြာ၏စကားကိုရှိန်းနဲ့လေညှင်းအံ့သြသွားသည်မှာတော့အမှန်ပင်။ခဏအကြာ ခေတ်မင်းနေကြာတို့ရှိသည့်ထမင်းဆိုင်သို့ လူတစ်ယောက်ဝင်လာသည်။ထိုလူသည်သူတို့ရှိသည့် ဝိုင်းသို့ တန်းတန်းမတ်လျှောက်လာသည်။ထို့နောက်ခေတ်မင်းနေကြာရှေ့တွင်မတ်တပ်ရပ်၍ ခေတ်မင်းနေကြာအားစကားပြောလေသည်။
"ကိုယ်ထိုင်လို့ရမလား"
"ထိုင်ချင်ထိုင်မထိုင်ချင်နေ"
"စိမ်းကားလှချီလား နေကြာလေးရာ"
"ခဗျား မဟုတ်တာတွေပြောမယ်ဆိုလာရာလမ်းအတိုင်းပြန်"
"ကိုယ့်ကို စကားအကောင်းပြောပေးလို့ရနိုင်မလား"
"........"
ထိုအဖြစ်အပျက်ကိုနားမလည်စွာကြည့်နေသူမှာ ရှိန်းနှင့်လေညှင်းသာဖြစ်သည်။ခေတ်မင်းနေကြာပုံကိုကြည့်ရသည်မှာ မျက်နှာဟာပုံမှန်ထက်ပိုတင်းမာနေလေသည်။ထို့နောက်ခေတ်မင်းနေကြာသည် ရှိန်းစေသော်နှင့်မှိုင်းလေညှင်းဘက်သို့လှည့်၍စကားပြောလေသည်။
"ရှိန်း လေညှင်း ငါပြန်တော့မယ်ငါညနေအတန်းမတက်တော့ဘူး မနက်ကျမှငါ့အိမ်မှာဆုံကြမယ်"
"အေးအေး"
"အေးမနက်ကျ သေချာပေါက်လာခဲ့မယ် ဟုတ်တယ်မလားရှိန်း"
YOU ARE READING
Accidentally I met my future husband
Random"မထင်မှတ်ဘဲတွေ့စုံတဲ့ဖူးစာဟာ ဘဝအဆုံးထိအတူရှိနေနိုင်ပါ့မလား"