"အင့် ကိုကို"
"အင်း"
"သားအိမ်ပြန်ချင်တယ် ကိုကို့အိမ်မှာမနေချင်တော့ဘူး အင့်"
"ဘာလို့လဲ ခေတ်ရဲ့"
"ဟိုမိန်းမက သားကိုထပ်နှိပ်ဆက်မှာ မနေချင်ဘူး အဟင့် မနေချင်ဘူးလို့ အီးးးဟီးး"
"အင်း ကိုယ်သူ့ကိုပြောင်းခိုင်းလိုက်မယ်"
ခေတ်တစ်ယောက်ငိုနေသည်မှာအတော်ကြာနေပြီဖြစ်သည်။ဧည့်သည်ထိုင်ရန်ဆိုဖာပေါ်မှာထိုင်၍ခေတ်ဘေးတွင်လွန်းစေတန်မောင်ကထိုင်နေပြီးခေတ်ကလွန်းကိုဖက်၍ငိုနေခြင်းဖြစ်သည်။ကလေးလက်ကဒဏ်ရာတွေမြင်တိုင်းဒေါသထွက်ရပါတယ်။ခေတ်တစ်ယောက်ခဏငြိမ်သွားပြီးတော့ ခေါင်းမော့ပြီးလွန်းစေတန်မောင်ကိုထပ်မေးပြန်ပါသည်။
"ကိုကို"
"အင်း"
"သားကိုဘယ်လောက်ချစ်မှာလည်းဟင်"
"အားလုံးထက်ပိုချင်ပြမယ်ဆိုတာ ကိုအပြောထက်အလုပ်နဲ့သက်သေပြပါ့မယ်"
"ဟီး"
လိုချင်တာရတော့ရယ်နေပုံကအသည်းယားစရာပင်။ဒီလောက်ချစ်ဖို့ကောင်းတဲ့ကလေးကိုအပြင်မထွက်စေချင်ဘဲဖွက်ထားလိုက်ချင်သည်။ကုန်ကုန်ပြောရလျှင် ငုံလို့ရရင်ငုံးထားလိုက်ချင်၏။ငိုထားတဲ့မရှိန်ကြောင့်နှာသီးလေးတွေမှာစတော်ဘယ်ရီလိုရဲနေ၏။အသည်းယားစိတ်ကမထိန်းချုပ်နိုင်ဘဲနှုတ်ခမ်းရဲရဲလေးကို ဖိကပ်ငုံထွေးမိပြန်၏။ရင်ခွင်ထဲကအကောင်ပေါက်မှာလည်းအနမ်းများကိုပြန်လည်တုံ့ပြန်လာ၏။
"ပြွတ်စ်"
ခေတ်လေး၏ခံတွင်းထဲဝင်၍လျှာများကိုရစ်ပတ်လိုက်၏။အနမ်းများဘယ်လောက်ကြာသည်တော့မသိ အောက်က ကလေးကအသက်ရှူကျပ်လာသည်ထင်၏ရင်ဘတ်ကိုထုတော့မှသတိရ၏။ကိုယ်လွှတ်ပေးတော့အသက်ကိုလုရှူနေရင်းကိုယ့်ကိုလည်းမျက်စောင်းထိုးဖို့မမေ့။
တစ်ခုခုကိုစဥ်းနေဟန်ငြိမ်နေ၏။ကိုယ်လည်းဘာမှမပြောဘဲတိုင်ကြည့်နေပေးလိုက်၏။ခဏကြာမှတစ်ခုခုကိုသတိရသွားဟန် မျက်လုံးလေးများအရောင်လတ်လာ၍ကိုယ့်ဘက်လှည့်လာ၏။
YOU ARE READING
Accidentally I met my future husband
Random"မထင်မှတ်ဘဲတွေ့စုံတဲ့ဖူးစာဟာ ဘဝအဆုံးထိအတူရှိနေနိုင်ပါ့မလား"