1

1.1K 66 2
                                    

'ကျွန်တော်တို့တွဲရအောင်'

'အင်း တွဲကြတာပေါ့'

အဲ့ဒီနေ့ကစပြီး သူနဲ့ကိုကိုနဲ့တွဲဖြစ်ခဲ့ကြတယ်။

mingyuဘဝမှာ ဘာကိုမှအလေးအနက်မထားခဲ့ဖူးဘူး။ မွေးကတည်းကနေ ခုချိန်ထိ ဘယ်အရာမဆိုပေါ့ပေါ့ပါးပါးပဲဖြတ်သန်းခဲ့တာ။

လိုလေသေးမရှိတဲ့ဘဝမျိုးမှာနေခဲ့ရလို့ပဲလား ဒါမှမဟုတ် သူကပဲဒီလိုတွေးမိနေတာလားမသိပေမယ့် သူ့အတွက်တော့ ဘဝဆိုတာ အထွေအထူးကြိုးစားနေထိုင်နေစရာမလိုဘူးလို့မြင်မိတယ်။

ဘာမဆိုလိုတိုင်းရနေတဲ့သူ့အတွက် wonwooရဲ့အချစ်တွေကလည်းတူတူပဲ။ သူလိုချင်တဲ့အချိန်မှာထုတ်ပြောရင်း ရရှိခဲ့တာပဲလေ။

'mingyu ညဘက်တွေအပြင်မှာသိပ်နောက်ကျအောင်မနေနဲ့နော် ကိုကိုအလုပ်ကပြန်လာတိုင်း  မင်းနဲ့ထမင်းအတူမစားဖြစ်တာကြာနေပြီ'

ဟုတ်တယ် အကုန်လုံးထင်နေသလိုပဲ ကိုကိုနဲ့သူက တွဲပြီးထဲကအတူနေနေကြတာ။

ပုံမှန်ဆို ဒီလိုထိန်းချုပ်တဲ့ဘက်သက်ရောက်တဲ့စကားမျိုးကို mingyuမကြိုက်ဘူး။ သူ့အမေပြောရင်တောင်တစ်ခါမှလက်ခံခဲ့တာမဟုတ်ဘူး။

အင်း wonwooဆီကကြားလိုက်ရတော့လည်း ထိန်းချုပ်ခံရတာ သိပ်မဆိုးလှပါဘူး။

'အင်း'

နှုတ်ခမ်းထောင့်တွေကော့တက်သွားတဲ့ထိပြုံးမိသွားတဲ့ mingyuကရှည်ရှည်ဝေးဝေးပြောမနေ။ မနက်စာကိုလျော့တိလျော့ရဲစားနေရင်း မပွင့်တပွင့်အဖြေကို ခေါင်းတညိမ့်ညိမ့်လုပ်ပြီးပဲ ပေးလိုက်တယ်။

'လိမ္မာတယ် သွားခါနီးမှဆုချမယ်'

သူ့စကားနားထောင်လို့ ကျေနပ်သွားတဲ့wonwooကလည်း မျက်လုံးတွေပိတ်ကျသွားတဲ့ထိရယ်ပြုံးနေခဲ့တယ်။

ဒါကကြည်နူးစရာမနက်ခင်းဆိုတာမျိုးပေါ့။ ခံစားရတာကောင်းသားပဲ။

တဆက်တည်းမှာပဲ mingyuတွေးလိုက်မိတာက နောက်ပိုင်းwonwooကိုများများအလိုလိုက်ပေးပြီး သူ့အတွက်လည်းစိတ်အာဟာရဖြည့်ရမယ်လို့။

wonwooက ကတိအတိုင်းပဲ အလုပ်သွားခါနီးတော့ သူ့ပါးပြင်ကို ပြွတ်ခနဲမြည်အောင်မွှေးကြူပြီးမှ ညနေတွေ့ကြမယ်လို့နှုတ်ဆက်ရင်း ထွက်သွားတယ်။

4 Letters Where stories live. Discover now