ပြာလဲ့နေတဲ့ပင်လယ်က မြူတွေအပြည့်နဲ့အုံ့ဆိုင်းလို့နေသည်။
mingyuသက်ပြင်းသာချမိတော့တယ်။ ဆောင်းတွင်းကြီးပင်လယ်ကိုလာချင်တဲ့wonwooကိုနားမလည်နိုင်။ သူကစိတ်မပါဘူးဆိုပေမယ့် wonwooကပင်လယ်မှပင်လယ်ဖြစ်နေတော့လည်း လိုက်လာရတာပါပဲ။
'ဒီလောက်ချမ်းစိမ့်နေတာ ဘာလုပ်ဖို့ပင်လယ်လာချင်နေရတာလဲ အေးလို့သေတော့မယ်'
လည်ပိတ်လက်ရှည်အပြင် paddingအထူကြီးဝတ်ထားတာတောင် သူ့မှာအေးလွန်းလို့တစ်ကိုယ်လုံးတုန်ချင်နေပြီ။
ဟုတ်ပါတယ် အခုစကားရပ်ပြောနေတာက ကမ်းစပ်နားကကျောက်ဆောင်ပေါ်မှာလေ။
'မင်းနဲ့အတူ ပင်လယ်ကိုအနည်းဆုံးသုံးခါတော့ရောက်ဖြစ်ရမယ်လို့တွေးထားလို့လေ အခုကနောက်ဆုံးတစ်ခေါက်ပဲ'
အေးလို့ပွစိပွစိလုပ်နေတဲ့mingyuရဲ့လှုပ်ရှားမှုတွေခဏရပ်သွားသည်။ တကယ်ကိုမှခဏလေး။
'နောက်မှအားရင်လာလို့ရတာပဲ ကိုကို ခင်ဗျားကတစ်ခါတစ်လေတော်တော်လက်ပေါက်ကပ်တယ်'
'အဟင်း..နောက်ဆိုတာ မသေချာဘူးလေ'
'ထားပါတော့ အခုအခန်းပြန်လို့ရပြီလား ဒီမှာအေးလို့တစ်ကိုယ်လုံးခဲချင်နေပြီ'
wonwooကပြန်မဖြေ။ အဲ့ဒီအစား mingyuနဲ့မျက်နှာချင်းဆိုင်လိုက်ပြီး အိတ်ကပ်ထဲထည့်ထားတဲ့ သူ့လက်ကိုဆွဲယူသည်။ ပြီးတော့ သူ့မျက်ဝန်းတွေထဲကိုငေးကြည့်ပြီး
'mingyu..ငါ့ကိုချစ်လား'
ကျောက်ဆောင်ကိုရိုက်ခတ်နေတဲ့လှိုင်းသံတွေနဲ့ ပင်လယ်ကတိုက်ခတ်လာတဲ့လေတိုးသံတွေကလွဲလို့ ဘာအသံမှထွက်မလာခဲ့။
အချင်းချင်းငေးကြည့်နေမိတာ စက္ကန့်အချို့ကုန်ဆုံးသွားခဲ့သည်။ ပင်လယ်ကိုဖြတ်သန်းပြီး တိုက်ခတ်လာတဲ့လေအေးတွေက အခုတော့ပိုပြီး အေးစက်လာသယောင်။
'အေးနေပြီမလား အခန်းပြန်ကြတာပေါ့'
အေးလွန်းတဲ့ရာသီဥတုကြောင့်ပဲလား။ wonwooအသံကခြောက်ကပ်ကပ်နဲ့ပင်။ သူဘာမှမတုန့်ပြန်နိုင်ခင်မှာပဲ လှည့်ထွက်သွားပြီဖြစ်တဲ့wonwooကြောင့် mingyuလည်းတိတ်တဆိတ်နဲ့ wonwooနောက်ကလိုက်လာခဲ့တော့တယ်။
![](https://img.wattpad.com/cover/357534654-288-k840323.jpg)