'ကျွန်တော်တို့တွဲရအောင်'
တွဲရအောင်ဆိုတဲ့စကားအတိုင်း မျက်ဝန်းထဲဘာအရောင်မှမရှိနေတဲ့ သူ့ရှေ့ကလူကိုwonwooခဏလောက်ပြန်စိုက်ကြည့်နေပြီးမှ
'အင်း တွဲကြတာပေါ့'
ဒါကသူနဲ့mingyuရဲ့ ဇာတ်လမ်းအစပဲ။
အမှန်တိုင်းပြောရရင် mingyuဘက်ကဘာအရောင်မှမပါဘဲ ဆက်ဆံတစ်ခုကိုစတင်ခဲ့တာဆိုပေမယ့် သူ့ဘက်ကတော့မတူခဲ့ဘူးလေ။
mingyuကိုသူချစ်တယ်။
အဲ့တာက သူတို့စပြီးသိကြတဲ့အချိန်ထဲက။
သေချာအောင်ပြောရရင် wonwooအထက်တန်းနောက်ဆုံးနှစ်မှာ ဘေးအိမ်ကိုပြောင်းလာတဲ့မိသားစုက ဂျစ်တိဂျစ်ကန်စရိုက်နဲ့mingyuကို မြင်မြင်ချင်းသဘောကျခဲ့တာ။
အထက်တန်းနောက်ဆုံးနှစ်ဆိုတဲ့အတိုင်းပဲ ကျောင်းသားတိုင်းစိတ်ဖိစီးရတဲ့အခြေနေမှာ သူလည်းတစ်ဦးအပါအဝင်ဖြစ်တယ်။
နေ့စဉ်ကြပ်သိပ်လွန်းလှတဲ့အတန်းချိန်တွေအပြင် ကျူရှင်ချိန်တွေ ကိုယ်ပိုင်စာကြည့်ချိန်တွေနဲ့ အထက်တန်းနောက်ဆုံးနှစ်မှာ wonwooကထမင်းကိုတောင် စားဖို့အချိန်မပေးနိုင်ပေ။
အထူးတလည်ကြိုးစားတာမျိုးမဟုတ်ဘဲ စာလုပ်တာအပြင် wonwooမှာတခြားလုပ်စရာမရှိနေတာမို့။
ငယ်ငယ်ထဲက စာကလွဲရင် အခြားကိုအာရုံမစိုက်ဖို့ အဖေ့ဆီကမသိမသာဖိအားပေး ပုံသွင်းခံခဲ့ရတဲ့ စိတ်အခြေနေက အခုထိတိုင်မလွတ်မြောက်ဘဲရှိနေသည်။
အဲ့လိုအချိန်မှာ လွတ်လပ်ပြီး ဖိအားမရှိဘဲ ပေါ့ပေါ့ပါးပါးရှိလှတဲ့mingyuကိုမြင်ရတာက wonwooရဲ့ ဖိအားများတဲ့အထက်တန်းနောက်ဆုံးနှစ်ကို ကယ်တင်ပေးနိုင်ခဲ့တဲ့ အကြောင်းပြချက်ကလေးပင်။
ညနေဘက် wonwooကျူရှင်ကို အပြေးအလွှားလာရတဲ့တဲ့အချိန်တိုင်း mingyuကတော့သူငယ်ချင်းတစ်စုနဲ့ ကျူရှင်ဘေးကဂိမ်းဆိုင်ကို အေးအေးဆေးဆေးဝင်သွားနေကျ။
တစ်ရက်တော့ စူးစမ်းချင်လွန်းတဲ့wonwooက ကျူရှင်လစ်ပြီး ဂိမ်းဆိုင်ထဲဝင်လာခဲ့ပေမယ့် ရှင်သန်လာတဲ့ဘဝတစ်လျှောက်လုံး စာကလွဲရင် ဘာမှမသိတာမို့ ဘာဂိမ်းမှရေရေရာရာမဆော့နိုင်ဘဲ ဂိမ်းဆိုင်ထဲ စာသာလုပ်ပြီးပြန်ခဲ့ရတယ်။