ပါမောက္ခဆီမှာစာတမ်းတင်လို့ပြီးသွားတော့ mingyuအိမ်ကိုတန်းမပြန်ဖြစ်ဘဲ အရင်ထိုင်နေကျ ကျောင်းနားကဘားဆီကိုပဲဦးတည်လိုက်တယ်။
ဒီရက်ထဲ ရှုပ်ထွေးလွန်းနေတဲ့အခြေနေကြောင့် သူ့စိတ်တွေနောက်ကျိလို့နေသည်။ စာတမ်းကြောင့်ပင်ပန်းထားတာတွေလည်းရှိသေးတော့ သူအမှန်တကယ်ဦးနှောက်ဆေးဖို့လိုအပ်နေပြီ။
ဘားထဲရောက်တော့ အဖော်လည်းမပါလာတာမို့ ကောင်တာမှာပဲထိုင်မိသည်။ mingyuစိတ်တွေရှုပ်နေပေမယ့် ဘာအတွက်အခုလိုဖြစ်မိနေလဲ သူကိုယ်တိုင်လည်းမသိတော့ပါ။
သောက်နေကျဝီစကီတွေကလည်း အရသာမရှိသလိုခံစားရသည်။ ဘယ်နှစ်ခွက်မှန်းမသိသောက်နေပေမယ့်လည်း သူအခုထိမမူးသေးပေ။
တကယ်တော့ ဒီလိုအခြေနေမျိုးက ပထမဆုံးကြုံဖူးတာတော့မဟုတ်ဘူး။ သူနဲ့ပတ်သတ်ဖူးတဲ့လူတိုင်းက အချစ်ကိုဘာလို့တောင့်တကြသလဲဆိုတာကို သူနားမလည်နိုင်ဖြစ်ရသည်။
တွဲခဲ့ဖူးတဲ့သူတွေထဲမှာwonwooက ကာလအကြာရှည်ဆုံးပင်။ အဆုံးမှာသူနဲ့အဆင်ပြေတဲ့သူရှိလာပြီလို့ထင်တဲ့သူက ထပ်ပြီး အချစ်ကြောင့်နဲ့ပြသနာဖြစ်ရပြန်သည်။
အချစ်။
အဲ့တာကဘာများအရေးကြီးလို့လဲ။ အချစ်ဆိုတာမရှိလည်း သူနဲ့wonwooကအဆင်ပြေနေပါလျက်နဲ့ တကယ်ကြီးအချစ်ရှိနေမှဖြစ်မှာလား။mingyuလေပူတွေကိုသာမှုတ်ထုတ်မိတော့တယ်။ အရေးမပါတဲ့အချစ်အတွက်နဲ့ သူပါစိတ်ဒုက္ခရောက်နေရသည်။
'အိုင်းယားးးဘယ်သူပါလဲမှတ်တယ် ရည်းစားရပြီးငါတို့ကိုပစ်သွားတဲ့ကောင်ပဲ'
အသံကြားတဲ့ဆီကိုmingyuလှည့်ကြည့်မိတော့ အကိုjeonghanဖြစ်နေတာမို့ လက်တဖက်ထောင်ပြရင်း နှုတ်ဆက်ဟန်ပြလိုက်သည်။
'မင်းကွာ နေနိုင်လိုက်တာ အားကိုးရတဲ့အကိုကြီးတစ်ယောက်နဲ့ကောက်တွဲလိုက်တယ်ဆိုပြီး ငါတို့ကိုပစ်သွားတာတော့လွန်ပါတယ်'
'အေးလေ ဘယ်လောက်ကြာပြီလဲ တတိယနှစ်ထဲကလားမသိ'
'ဟေ့ကောင်တွေ သူကကိုကို့လက်ထဲရောက်ပြီးမှ လိမ္မာတဲ့ကောင်လေးလုပ်နေတာနေမှာပေါ့'