Part 2 (uni+zaw)

766 23 0
                                    


ချစ်ခြင်းမေတ္တာထပ်တူကျရာဝယ်

ကလင် ကလင် ကလင်

နှိုးစက်သံကညံစီစွာထွက်ပေါ်လာတယ်။ သို့ပေမယ့်နှိုးစက်ပေးထားတဲ့ကျန့်ကျန့်ကမထ ေဘးကုတင်ကကျန်းချန်ကတော့လူးလှိမ့်ပြီးထလာကာ နှိုးစက်ပိတ်ပြီးကျန့်ကျန့်ကိုနှိုးတော့တယ်။

ကျန့်ကျန့်ထတော့ 7:30ပြီ ပြင်ဆင်ချိန်နာရီတစ်ဝက်ပဲလိုတော့တယ်

ဟုတ်ပြီကွာ ဆယ်ငါးမိနစ်နေရင်ငါထခဲ့မယ် မင်းပြင်ပြီးကျောင်းအရင်သွားနှင့်လိုက် ခုံလဲဦးထားနော် ဒုတိယတန်းကိုအရှေ့တည့်တည့်မှာထိုင်မယ်

အမလေး အေးပါကွာ ဒါဆိုငါသွားနှင့်မယ်

အင်း

အင်းဆိုတဲ့အသံထွက်ပြီးတာနဲ့ကျန့်ကျန့်လေးကတော့ပြန်ပြီးအိပ်ပျော်သွားပြန်သည်။ ကျန်းချန်လဲပြင်ဆင်ပြီး ကျန့်ကျန့်ကိုတစ်ချက်လှည့်ကြည့်တယ်။ ခေါင်းခါလိုက်ပြီး ကျောင်းသို့သွားလေပြီ။

နှိုးစက်ကနာရီတစ်ဝက်ရောက်ပြန်ပြီမို့ထပ်မြည်လာပြန်သည်။ ထိုအခါမှအလူးအလဲထကာနာရီကြည့်မိတော့

ဟမ်!!!ငါအဲ့လောက်ထိတောင်အိပ်ရလား

ပြောပြောဆိုဆိုနှင့်ထကာကျောင်းသွားဖို့ပြင်ဆင်ရပြီ။ နာရီကတော့9:00ပင်ထိုးပြီမို့ ပထမဆုံးနေ့မှာပဲပထမဆုံးအချိန်ကိုပျက်မိလျက်သား။ ဆောင်းတွင်းဝင်လာပြီမို့ အအေးကြောက်တဲ့ကျန့်ကျန့်ကတော့ဟူဒီအဖြူလေးနဲ့အကျီမှာပါတဲ့ခေါင်းစွပ်ကိုလဲဆောင်းထားပြန်သေး။ ကျောပိုးအိတ်လေးလွယ်ပြီး အသင့်ပါလာတဲ့ပေါင်မုန့်အထုပ်ထဲကပေါင်မုန့်တစ်တုံးကိုပါးစပ်ထဲထည့်ပြီးအခန်းတံခါးပိတ်လိုက်တယ် ပြီးမှအမြန်ဆုံးအရှိန်နှင့်ကျောင်းခန်းသို့ပြေးရင်း ပါးစပ်ထဲကပေါင်မုန့်တုံးလေးကိုလဲကိုက်ရင်းပေါ့။ စာသင်ခန်းရှေ့သို့စားလက်စပေါင်မုန့်လေးကိုက်ရင်းရောက်သွားတာနဲ့အရှိန်လျှော့လိုက်သည်။ အပေါက်ဝမှာအခန်းထဲဝင်ဖို့ရပ်နေရင်း အခန်းထဲတစ်ချက်ဝေ့ကြည့်လိုက်တော့ ကျန်းချန်ကသူပြောတဲ့နေရာကိုအသေအချာပင်ဦးထားတာကိုတွေ့တော့ပြုံးမိသွားတယ်။ ထိုအချိန်မှာပဲ

ချစ်ခြင်းမေတ္တာထပ်တူကျရာဝယ်Where stories live. Discover now