ချစ်ခြင်းမေတ္တာထပ်တူကျရာဝယ်
မနက်ခင်းအစောကြီးထလာရတာမို့ ကွပ်ပျစ်ပေါ်တရေးတမောအိပ်ပျော်နေသောသူ့ကိုကြည့်ပြီး
မေယွမ် အဲ့ကောကစိတ်ချရပါ့မလား
သူ့ပုံကြည့်ရတာတော့လူကောင်းပါပဲ မြို့ကလာတဲ့သူဌေးဆိုတော့ မာနကြီးတာလောက်ပါပဲ
ဒါဆိုသူ့ကိုဘယ်မှာထားမလဲ ဟော်တယ်ကဝေးတယ်နော် မေယွမ်
အိမ်မှာပဲထားပေါ့
ဟမ် အိမ်မှာထားမယ်ဆိုသားအခန်းကရှုပ်တယ်လေထားစရာအခန်းလွတ်မှမရှိတာ
အပေါ်ထပ်ကသားငယ်လေးအခန်းကိုထားလိုက်လေနေ့တိုင်းသန့်ရှင်းရေးလုပ်တာပဲ
အာ မရဘူးလေမေယွမ်ရဲ့ အစ်ကိုလေးကကြိုက်ပါ့မလား
နင့်အစ်ကိုလေးအခုရှိလို့လား နောက်နှစ်မှပြန်လာမှာလေ
နောက်နှစ်ဆိုတော့လဲအစ်ကိုလေးကသူ့အခန်းထဲလူစိမ်းထားတာသိရင်မလွယ်ဘူးနော် မေယွမ်
စီးကျွေးရယ်နင်နဲ့ငါပဲသိတာ နင့်အစ်ကိုလေးကိုနင်မပြောရင်ဘယ်သူမှမပြောဘူး
ကောင်းပါ့မလား မေယွမ်ရယ်
အဆိုမင်းအခန်းကိုသွားရှင်းလေ မင်းအောက်ထပ်ကိုလာအိပ်
အဲ့ဒါတော့မရဘူးလေ
အေး မရရင်ငါပြောသလိုလုပ် အခုသွားနှိုးလိုက်တော့ရေချိုးပြီး ထမင်းစားရအောင်လို့
ဟုတ်
အိပ်နေပေမယ့်လဲတိုးကြိတ်ကြိတ်အသံနှစ်ခုကနားထဲဝင်ရောက်နေသည်။ ခဏနေလာနှိုးတော့မှာမို့မှိန်းရုံမှိန်းနေလိုက်သည်။
'အင်း ဒီလူကစိတ်ချရရဲ့လားမသိဘူး ငါသေချာလေ့လာအုံးမယ်'
စိတ်ထဲကရေရွတ်ရင်းအနားကိုအသံမပေးပဲရောက်လာပြီးသူ့မျက်နှာကိုတစေ့စေ့သေချာစူးစိုက်ကြည့်ပြီးအကဲခတ်နေလိုက်သည်။
ရုပ်ရည်ကတော့အတော်ကိုကြည့်ကောင်းတဲ့ပုံစံ မျက်ခုံးထူထူ ဆံပင်ကလဲဆီလူးထားပြီးသန့်နေအောင်ဖီးလိမ်းထားသေးတယ် ပါးမို့မို့နဲ့ဒီလောက်ရုပ်ချောလိမ့်မယ်မထင်မိဘူး နှာခေါင်းကလဲလုံးလုံးလေး ဒီလူအတော်ရုပ်ရည်သန့်ပြန့်ပြီးခန့်နေတာပဲ မိန်းမတွေပေါသောနေမှာပဲ အဟိ
YOU ARE READING
ချစ်ခြင်းမေတ္တာထပ်တူကျရာဝယ်
Romanceyizhan ficလေးပါ ongoingလေးမို့ လိုက်ဖတ်ပေးကြပါအုံးဗျာ