Part 6(uni+zaw)

540 27 4
                                    

ချစ်ခြင်းမေတ္တာထပ်တူကျရာဝယ်

အိုက်ရားးပင်ပန်းလိုက်တာကွာ စာသင်ရတာနည်းနည်း သူ့အဖေကြောက်ရတာများများ busကားစီးရတော့ပိုပြီးပင်ပန်းတယ်

ညီးသံနှင့်အတူအခန်းထဲသို့ဝင်လာခဲ့သည်။ ကျန်းချန်ကတော့ကုတင်ပေါ်တွင်မှောက်လျက်ဂိမ်းဆော့နေသည်။ နားကြပ်တပ်ထားတာမို့ကျန့်ကျန့်အသံမကြားသလို ကျန့်ကျန့်ပြောတာတွေလဲဘာတစ်ခုမှမကြား ကျန့်ကျန့်ဝင်လာတာတောင်မသိလေခြင်း။

စားပွဲပေါ်ကရေဘူးလေးယူကာရေဖွင့်သောက်တာတောင်ကျန်းချန်အခုထိမသိသေး။ သူပြောတာကိုနားမထောင်ပဲဂိမ်ဆော့နေတာကိုသိသွားတော့ စိတ်ကတိုရပြန်သည်။ ဒါကြောင့် လွယ်ထားတဲ့ပိုးအိတ်ကို ကျန်းချန်ခါးပေါ်သို့ပြစ်တင်လိုက်သည်။

ဘုတ်

အားးးမာမားရေ သရဲ သရဲ အားးး

သူ့အပေါ်ဘာကြီးမှန်မသိပြုတ်ကျလာတာကြောင့် လန့်ပြီးအော်လိုက်သည်။ အော်ရင်းလှည့်မကြည့်ရဲပဲမှောက်ရပ်နေလျက် တောင့်တောင့်ကြီးဖြစ်ကာ လန့်ပြီးအော်နေခြင်းပင်။ လက်ထဲမှဖုန်းကလဲလွတ်ကျသွားတာမို့နားကနားကြပ်ပါပြုတ်ကျသွားရသည်အထိ။

ဟားဟားဟား ဟားဟားဟား ဟားဟားဟား

ကျန့်ကျန့်ရဲ့အသံစူးစူးနှင့်ရယ်သံကြားမှ နောက်ပြန်လှည့်ကြည့်ပြီး

အိုက်ရားးမင်းကတော့လေ ပြန်လာတာအသံမပေးဘာမပေးနဲ့ ဟင်းး ငါ့မှာတော့သရဲဆိုပြီးလန့်သွားတာ

မင်းပဲအော်မကြား ခေါ်မကြားနဲ့လေ သူစိမ်းသူခိုးတွေဝင်လာရင်မင်းအသက်တောင်ရှိတော့ပါ့မလား

အာ ငါဂိမ်းထဲစျာန်ဝင်သွားလို့ပါ

ရော့ လန့်သွားတာမို့လား ရေသောက်လိုက်အုံး

လက်ထဲမှာသောက်ပြီးသားရေဘူးလေးကိုပေးလိုက်သည်။ ကျန်းချန်ကလဲတကယ်ကြီးလန့်သွားတာမို့ကျန့်ကျန့်ပေးတဲ့ရေဘူးကိုသောက်လိုက်သည်။

ဒါနဲ့ အဆင်ပြေခဲ့ရဲ့လား

အင်း ကလေးမလေးနဲ့ကပြေပါတယ်

ချစ်ခြင်းမေတ္တာထပ်တူကျရာဝယ်Where stories live. Discover now