အစ်ကို နှင့် တွေ့ပြီးနောက်ပိုင်း Seokmin အတွက်
နေ့ရက်တိုင်းဟာ ပျော်ရွှင်စရာအတိ...မနက်ဆိုလျှင်အစ်ကို့ အိမ်ကိုဝင်ခေါ်ပြီးမှ ရုံးသို့အတူသွားကာ တခါတလေ ဆိုင်တစ်ဆိုင်ဝင်၍
မနက်စာအတူစားကြသေးသည်။ရုံးဆင်းချိန် ဆိုလဲ အိမ်ပြန်ချိန်နောက်ကျတတ်တဲ့
အစ်ကို့ ကိုစောင့်၍ညစာကို ဆိုင်မှာဝင်စားတာဖြစ်ဖြစ်
ဝယ်သွားကာ အစ်ကို့ အိမ်မှာပဲ စားတာဖြစ်ဖြစ်
တခါတလေကျတော့လဲ အစ်ကို ချက်ကျွေးတာစားပြီးမှ
အိမ်ပြန်ကာရုံးပိတ်ရက်ဆိုလဲ
" အစ်ကို Shopping သွားရအောင်လေ "
"အစ်ကို အိမ်မှာနေရတာမပျင်းဘူးလား
ဟန်မြစ်ကမ်း မှာ လမ်းသွားလျှောက်ရအောင် "" အစ်ကို ××××× က ပြပွဲလုပ်မှာတဲ့
သွားကြည့်ကြမယ်နော်..."" အစ်ကို ကြိုက်တဲ့ ××××× ကား ရုံတင်နေပြီတဲ့
Booking တင်ထားလိုက်မယ် "××××××
××××××
××××××
Seokmin အတွက်တော့ ချစ်ရတဲ့ အစ်ကို နဲ့
အတူတူအလုပ်သွား အတူတူအိမ်ပြန်ရအစ်ကိုချက်ကျွေးတဲ့ အစ်ကို့လက်ရာ အစားအစာလဲ
စားရတဲ့အပြင်Seokmin ပြောသမျှ ၊တောင်းဆိုသမျှ ၊ ဂျီကျသမျှ
အကုန်လိုက်လျောပေးတတ်သော အစ်ကို နှင့်အတူ
ရှိခွင့်ရသော အဖိုးတန်အချိန်လေးများအား
ဘာနဲ့မှတန်ဖိုးဖြတ်လို့မရနိုင်ပါ။Seokmin ဘဝမှာ အစ်ကို က အချစ်ဦး လဲဖြစ်သလို
နောက်ထပ်ဘယ်သူ့ကိုမှ ထပ်ချစ်ဖို့မရှိတော့သည့်အတွက်
အချစ် ဆုံး လဲဖြစ်လေသည်။ပထမတုန်းကတော့ ရုံးသွား/ရုံးပြန် အတူလိုက်ဖို့ကိစ္စအား အစ်ကို က လက်မခံခဲ့
" အပင်ပန်းခံလို့ Seokmin ရယ် ...
လာမခေါ်လဲရပါတယ်....ကိုယ့်ဘာသာ သွားလို့အဆင်ပြေပါတယ် ..."
" မဟုတ်တာ အစ်ကို ကလဲ...အားနာစရာမလိုဘူး။
အစ်ကို က ဒီကလမ်းတွေနဲ့ စိမ်းသေးတော့
ကိုယ်တိုင်ကားမောင်းရင် အန္တရာယ်များတယ်။