🎄🎄🎄🎄🎄🎄🎄🎄🎄🎄
Christmas ရောက်တော့မည်ဖြစ်သောကြောင့်
နေရာတိုင်းတွင် Christmas Theme များနှင့် အလှဆင်ထားကြကာ မြင်ရသည်မှာကြည်နူးစရာပင်သူများတွေပြောကြသလိုပင်
လူတွေဟာ အချစ်နဲ့တွေ့တဲ့အခါ မြင်ရသမျှအရာရာတိုင်းလှပနေသည် တဲ့Seokmin အတွက်လဲ 1000% လောက်ပင်မှန်သည်။
အရင်ကဆို Christmas Theme တွေ
ဘယ်လောက်ပဲလှသည်ဆိုဦးတော့
သာမာန်ကာလျှံကာပင် ကျော်ဖြတ်သွားဖြစ်ခဲ့သည်ချည်းခုက သူချစ်ရပါသော အစ်ကို နှင့်အတူ
Christmas အတွက် အိမ်တွင်အလှဆင်ရန်
ဈေးဝယ်ထွက်နေကြခြင်းဖြစ်တာမို့Seokmin မျက်စိထဲ
မြင်မြင်သမျှအရာရာတိုင်းက အရင်ကထက်ပိုလှကာနေသည်။" Dokyeomie ဒီ အပင်လေးပဲယူကြမလား
အရမ်းလဲမကြီးသလို သေးလဲမသေးတော့
အဆင်ပြေတယ် ..."" အစ်ကို ကြိုက်တယ်ဆို
အဲ့တာလေးပဲယူလိုက်မယ်လေ "" ဒီမှာ...အလှဆင်တဲ့ဟာလေးတွေ..."
" ဒါလေး ဒါလေး
အစ်ကို... နဲ့ဆို အရမ်းလိုက်မယ်..."" ရားးးး အဲ့တာကြီးက ကလေးဆန်တယ်..."
" အစ်ကိုက ကျွန်တော့်အတွက်တော့ ကလေးလေးပဲဟာ "
အစ်ကို က မနိုင်တော့ဘူး လွှတ်ထားလိုက်ပြီ ဆိုသည့်
သဘောဖြင့် ဘာမှမပြောတော့ပဲ
ခေါင်းတခါတခါဖြင့်သာ ပစ္စည်းများဆက်ပြီးရွေးချယ်နေလေတော့သည်။" Dokyeomie ... Christmas Eve ကျ
Mingyu , SeungKwang တို့အဆင်ပြေတယ်ဆိုရင်ခေါ်လိုက်မယ်လေ "" ဟုတ်...အစ်ကို
မသေချာပေမဲ့...မေးကြည့်လိုက်မယ် "" ဒါနဲ့ အဲ့ညကျရင် စားစရာက အစ်ကို ချက်မှာမလား?
ကျွန်တော် က ကင်ချီဟင်းရည် ချက်တဲ့နေရာမှာတော့ Expert ဖြစ်ပေမဲ့ ကျန်တာကတော့ အခြေခံအဆင့်
အာ....အစ်ကို ပင်ပန်းနေပါ့မယ်
Mingyu ကိုမရ,ရအောင်ခေါ်ပြီး သူ့ကိုပဲ ချက်ခိုင်းလိုက်ကြမလား ? "
Seokmin ပြောလိုက်တော့ အစ်ကို က ရယ်ကာ
" Mingyu သာကြားရင် စိတ်မကောင်းဖြစ်တော့မယ်
သူ့ သူငယ်ချင်းက သူ့ကို ခိုင်းဖို့ခေါ်ပါတယ်ဆိုပြီး...