331 29 2
                                    

ဂျိတ်ခ်မှတ်မိတယ်၊ အဲ့ဒီ့နေ့ကို ဂျိတ်ခ်သေချာမှတ်မိတယ်၊ ဂျိတ်ခ်ရဲ့ တစ်သတ်တာ နှစ်၂၀မှာ အဖေနဲ့အမေရဲ့ ပထမဆုံး ရန်ဖြစ်ခြင်း။

"အခုရှင်ဘာလုပ် မှာလဲ ကျွန်မတော့ရှင့်ကို ဆက်မပေါင်းနိုင်ဘူး"

မပေါင်းနိုင်ဘူး? ဘာလို့လဲ?
J company ကကိုရီးယား နိုင်ငံပါမက ကမ္ဘာထိ လွှမ်းမိုးနိုင်တဲ့ company ဖြစ်တယ်။ ဒါကြောင့်အဖေ့ နဲ့အဲ့ဒီ့မိန်းမ ဂင်မီရဲ့ သတင်းက ပေါက်ကြားလွယ်ခဲ့တယ်။

အမေကတော့ ဂျိတ်ခ်ကို မသိအောင် ဖုံးတာပေါ့။ ဒါပေမဲ့ ဂျိတ်ခ်က သိဖြစ်အောင်သိသွားတယ်။ ထိုသို့သိဖို့ ကလွယ်ပါတယ် ဖုန်းဖွင့်လိုက်တာနဲ့ ခေါင်းစဉ် အကြီးကြီးဖြင့်

J company chairman ကဒီလိုလူမျိုး?

ယူဆော့ရဲ့ နောက်မိန်းမ

ယူဆော့ကဖောက်ပြန်တတ်တဲ့ ယောက်ျား

စသဖြင့်ပေါ့။

ဒီကိစ္စ ဖြစ်ပြီးနောက်ပိုင်း အဖေနဲ့အမေရန်ပိုဖြစ်လာတယ်။ ဂျိတ်ခ်သူတို့ရဲ့ ရန်ဖြစ်သံတွေ မကြားချင်တော့ဘူး။ ဂျိတ်ခ် သူတို့စကားသံတွေမကြားရဖို့ ထွက်ပေါက်ရှာမိတယ်၊ ဂျိတ်ခ် ရဲ့ အိပ်ခန်းနဲ့ ဝရံတာနဲ့ကသိပ်မဝေး၊ ဝရံတာ နားမှာလဲ လှေကား တစ်ခုရှိတယ်။ မဟုတ်ဘူး ရှိရန်လုပ်ထားတာ။ ဂျိတ်ခ်အဲ့ကနေအောက်သို့ဆင်းလိုက်တယ် ပြီး သူ့ကိုယ်ပိုင် စက်ဘီးလေးကိုစီးကာ သွားနေကြဖြစ်တဲ့ စမ်းချောင်းနားကသစ်ပင် ဆီသွားဖြစ်တယ်။

ဂျိတ်ခ် စမ်းချောင်း ဆီရောတော့ စက်ဘီးကို နေရာချကာ ထိုင်နေကြ ထိုင်ခုံ ကိုရောက်တော့...တွေ့ လိုက်ရတယ်၊ ထိုလူ၊ ဂျိတ်ခ်မသိတဲ့ ထိုလူကဂျိတ်ခ်ရဲ့ ခုံပေါမှာထိုင်နေတယ်။

ဝတ်စားပုံ ကြည့်ရရင် အနည်းငယ်တော့ ချမ်းသာဟန် ရှိတယ်။ ရှပ် အင်္ကျီ အဖြူ စွတ်စွတ် ကိုအောက်က စတိုင်ပန့်အနက်နဲ့ တွဲဝတ်ထားတာက ပျိုတိုင်း ကြိုက်တဲ့စတိုင်။ ရုပ်ရည်၊ ရုပ်ရည် ကအတော်ချော်တာပဲ။

"ဒီမှာ ဟိုလူကြီး ခဗျားထိုင်နေတာ ကျွန်တော့ခုံဗျ ဖယ်ပေးလို့ရမလား"

ဂျိတ်ခ် ကြောက်ကြောက် ဖြင့်ပြောလိုက်သည့်စကားက ရန်လိုသည်နှင့် သိပ်မကွာ။

ʙᴏʀɴ ᴀɢᴀɪɴWhere stories live. Discover now