လေးပတ်....။
ဟုတ်တယ်၊ ဂျယ်ယွန်းမဲ့ မတွေ့ရတာ လေးပတ်ရှိပြီ။ လေးပတ်ဆို တစ်လ ပြည့်ပြီမလား....။
အင်း....ငါဖုန်း ခေါ်လိုက်ရင်ကောင်းမလား...။
ဟီဆွန်း ဖုန်းမခေါ် ဖို့သာ ဆုံးဖြတ် လိုက်ပြီး ဂျယ်ယွန်းက်ိုရှာဖွေနေမိတော့တယ်။
ကြယ်တွေ လင်းလပ် လှတဲ့ညတာတစ်ခုမှာ ပုစွန်တွေလို ခေါင်းထဲမှာ အညစ်အကြေး မဟုတ်ပဲ ထို နှုပ်ခမ်းတစ်စုံ။ ပြုံးလိုက်ရင် ညွှန့်တက်သွားတဲ့ နှုတ်ခမ်းစွန်း နှစ်ခု။
ဘယ်လိုလုပ်ရပါ့မလဲ။
ဂျယ်ယွန်း မရှိရင်သူဘယ်လို လုပ်ရပါ့မလဲ။ပစိဖိတ်သမုဒ္ဒရာ ထဲကို တိုးဝင်ကာ မြေ၊ရေ လှန်ရှာဖွေခဲ့ ရာမှာ...။
ဂျယ်ယွန်း၊ ဒါ ဟီဆွန်း ရဲ့ ဂျယ်ယွန်း။
စမ်းချောင်းဘေး ကခုံကို ဦးယူ ထားပြီး အန္တရာယ် တွေရဲ့ နံဘေးမှာ လွတ်လပ်စွာ သဘာဝ ကိုခံစားနေသည့် ကောင်လေးတစ်ယောက်။
ဟီဆွန်းကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားရတာကြောင့် ဂျယ်ယွန်းဆီမသွားဖို့ ပြင်လိုက်ပေမဲ့...။
"အကို?"
"အကိုမလား""အင်း...၊ ဂျယ်ယွန်း၊ ကိုယ်တောင်းပန်ပါတယ်နော်"
"ဒီနေ့ည လမင်းကြီးကလှတယ် နော်၊ အကိုရောမထင်ဘူးလား"
ဘေးကိုလှည့်လာပြီး ခေါင်းလေးစောင်းကာ လှည့်ကြည့် လာသည့်ဂျယ်ယွန်း။
"အင်း...အကိုလဲ အဲ့လိုထင်တယ်"
"ဒီအတောအတွင်း ဂျယ်ယွန်းဘယ်တွေရောက်နေတာလဲ"
"အဲ့အကြောင်း မမေးလို့ရမလား"
ဂျယ်ယွန်းက မတွေဝေနေပဲ ချက်ချင်းပြောလိုက်သည်။
"အာဟုတ်ပါပြီ။ ခွေးပေါက်လေးက စိတ်ကြီးလိုက်တာ၊ ခွေးဗလူး လေးထင်တယ်၊ ပြပါဦး အကို့ကို"
ဟီဆွန်း ပါးနှစ်ဖက်ကိုဆွဲကာ လှစ်ဟာနေတဲ့ နှုတ်ခမ်း ကြားကို မေးစေ့ ကို မော့ကာကြည့်လိုက်တော့ တုန်တက် သွားတဲ့ကောင်လေးကြောင့် ကိုယ့်ရဲ့ နှုတ်ခမ်း စွန်းနှစ်ဖက် လဲကော့တက်ရပါ၏။