"ဂရုစိုက် ပါဦးနော်"
အိမ်ပြန်လမ်းဟာ အရင်လို ကျယ်လောင် မနေခဲ့။ ဂျယ်ယွန်း ရဲ့အမေးရဲ့ ဖြေကို သိနေပြီးသားဆိုပေမဲ့ ခုဖြစ်နေတဲ့ J company သတင်းနဲ့သာဆို ဂျယ်ယွန်းကိုဖိအားဖြစ်မိစေမှာပဲ။
"အကိုဒီမှာကြည့်"
ဖလင် ကင်မရာတစ်ခုကို ဟီဆွန်းရှေ့ချိန်ကာ မှတ်တမ်းတင်နေသည့် ခွေးပေါက်လေး။
"ဘာလုပ်ဖို့ မှတ်တမ်းတင်မှာလဲကွာ"
ဟီဆွန်းပြောလိုက်တော့ ကင်မရာကိုချသွားပြီး မှိုင်သွားတဲ့ ဂျယ်ယွန်း။
"ကျွန်တော်က အကို့ပုံရိပ်တွေကိုမှတ်တမ်းတင်ထားချင်လို့ပါ။ အကိုမကြိုက်ရင် မလုပ်တော့ပါဘူး"
"မဟုတ်ပါဘူး၊ ဒီမှာလူနှစ်ယောက်ရှိတာ နှစ်ယောက်လုံးပါမှကောင်းမှာပေါ့"
ဂျယ်ယွန်းလက်ထဲက ကင်မရာ ကိုဆွဲယူပြီး ကင်မရာကို တစ်ဖက်လှည့်ကာ နှစ်ယောက်လုံး ဝင်ဆန့်ရန်ပြင်နေသည့် ဟီဆွန်း။
"အကိုရိုက်ထားတာ လှလည်းလှဘူး"
"အကိုက မင်းလောက်မှမရိုက်တတ်တာကို ဂျယ်ယွန်းလေးရဲ့"
ပျော်ရွှင်စရာတွေအဆုံးမှာ ဖြိုခွင်း ခံလိုက်ရတဲ့စကားသံတွေ။
"ရှင်မ်းဂျိတ်ခ်!"
"အဖေ"
ဟီဆွန်း စကားစေရာအရပ်သို့ကြည့်လိုက်တော့တွေ့လိုက်ရတဲ့ ဂျယ်ယွန်း၏ဖခင် ယူဆော့။
"ရှင်မ်းဂျိတ်ခ်၊ ငါနဲ့ပြန်လိုက်ခဲ့"
နှုတ်ဆက် ချိန်တောင်မရလိုက်တဲ့ အခိုက်အတန့်။ ကြိုးစေခံလိုက်ရတဲ့ ဂျယ်ယွန်း၏လက်တို့မှာ နာကျင်ရောပေါ့။ ဘယ်လိုတွေရင်ဆိုင်ရဦးမလဲမသိတဲ့ ခွေးပေါက်လေးအတွက်တော့ မတွေးရဲစရာ။ တွေးမိလျှင် ဟီဆွန်း၏ရင်မှာဆစ်ဆစ်။ဟီဆွန်း ဟာဘာကိုမှအကူညီမပေးနိုင်ခဲ့၊ အဆင့်တန်းတွေဟာတကယ်ကို အရေးကြီးပါရောလား။
လူတွေဟာ ရုပ်သေးရုပ် လိုပါပဲလား။ စေရာကရင်က၊ မကရင်တော့ ကကျိုးကချောင်တွေဖြစ်ကုန်ရောပေါ့။
******************
"ဂ႐ုစိုက္ ပါဦးေနာ္"
အိမ္ျပန္လမ္းဟာ အရင္လို က်ယ္ေလာင္ မေနခဲ့။ ဂ်ယ္ယြန္း ရဲ႕အေမးရဲ႕ ေျဖကို သိေနၿပီးသားဆိုေပမဲ့ ခုျဖစ္ေနတဲ့ J company သတင္းနဲ႔သာဆို ဂ်ယ္ယြန္းကိုဖိအားျဖစ္မိေစမွာပဲ။
"အကိုဒီမွာၾကည့္"
ဖလင္ ကင္မရာတစ္ခုကို ဟီဆြန္းေရွ႕ခ်ိန္ကာ မွတ္တမ္းတင္ေနသည့္ ေခြးေပါက္ေလး။
"ဘာလုပ္ဖို႔ မွတ္တမ္းတင္မွာလဲကြာ"
ဟီဆြန္းေျပာလိုက္ေတာ့ ကင္မရာကိုခ်သြားၿပီး မႈိင္သြားတဲ့ ဂ်ယ္ယြန္း။
"ကြၽန္ေတာ္က အကို႔ပုံရိပ္ေတြကိုမွတ္တမ္းတင္ထားခ်င္လို႔ပါ။ အကိုမႀကိဳက္ရင္ မလုပ္ေတာ့ပါဘူး"
"မဟုတ္ပါဘူး၊ ဒီမွာလူႏွစ္ေယာက္ရွိတာ ႏွစ္ေယာက္လုံးပါမွေကာင္းမွာေပါ့"
ဂ်ယ္ယြန္းလက္ထဲက ကင္မရာ ကိုဆြဲယူၿပီး ကင္မရာကို တစ္ဖက္လွည့္ကာ ႏွစ္ေယာက္လုံး ဝင္ဆန္႔ရန္ျပင္ေနသည့္ ဟီဆြန္း။
"အကို႐ိုက္ထားတာ လွလည္းလွဘူး"
"အကိုက မင္းေလာက္မွမ႐ိုက္တတ္တာကို ဂ်ယ္ယြန္းေလးရဲ႕"
ေပ်ာ္႐ႊင္စရာေတြအဆုံးမွာ ၿဖိဳခြင္း ခံလိုက္ရတဲ့စကားသံေတြ။
"ရွင္မ္းဂ်ိတ္ခ္!"
"အေဖ"
ဟီဆြန္း စကားေစရာအရပ္သို႔ၾကည့္လိုက္ေတာ့ေတြ႕လိုက္ရတဲ့ ဂ်ယ္ယြန္း၏ဖခင္ ယူေဆာ့။
"ရွင္မ္းဂ်ိတ္ခ္၊ ငါနဲ႔ျပန္လိုက္ခဲ့"
ႏႈတ္ဆက္ ခ်ိန္ေတာင္မရလိုက္တဲ့ အခိုက္အတန္႔။ ႀကိဳးေစခံလိုက္ရတဲ့ ဂ်ယ္ယြန္း၏လက္တို႔မွာ နာက်င္ေရာေပါ့။ ဘယ္လိုေတြရင္ဆိုင္ရဦးမလဲမသိတဲ့ ေခြးေပါက္ေလးအတြက္ေတာ့ မေတြးရဲစရာ။ ေတြးမိလွ်င္ ဟီဆြန္း၏ရင္မွာဆစ္ဆစ္။ဟီဆြန္း ဟာဘာကိုမွအကူညီမေပးႏိုင္ခဲ့၊ အဆင့္တန္းေတြဟာတကယ္ကို အေရးႀကီးပါေရာလား။
လူေတြဟာ ႐ုပ္ေသး႐ုပ္ လိုပါပဲလား။ ေစရာကရင္က၊ မကရင္ေတာ့ ကက်ိဳးကေခ်ာင္ေတြျဖစ္ကုန္ေရာေပါ့။