ကျောင်းဆင်းချိန်တွင် ကျောင်းခေါင်းလောင်းထိုးသံနှင့်အတူ ကလေးငယ်များ အပြေးအလွှားထွက်လာကြသည်။
ကျနော်လည်း ဆိုင်ကယ်ရှိရာစီလမ်းလျှောက်ထွက်လာခဲ့သည်။ ဆိုင်ကယ်ရှိရာရောက်တော့ လေဒီကလည်း ကျောင်းထဲကထွက်လာကာကျနော့်ကိုတွေ့တော့ ကျနော်ရှိရာစီလာနေသည်။
'လေဒီ ဘာနဲ့ပြန်မှာလဲ'
'တို့လမ်းလျှောက်ပြီးဘဲ ပြန်မှာထွန်း ကားက ဝပ်ရှော့ပို့ထားလို့'
'အဲ့တာဆို လေဒီ့ကို ကျနော်ပြန်လိုက်ပို့မယ်လေ'
'ထွန်းသဘောပါ'
'ဟုတ်ပြီ'
လေဒီက ဆိုင်ကယ်ပေါ်တတ်ကာ ကျနော့်ခါးကိုနောက်ကနေသိုင်းဖက်လိုက်သည်။ ကျနော်လန့်သွားသည်။ သို့သော် ကျနော်သဘောကျမိသည်။
လေဒီက သူ့အိမ်ရှိရာ ကျနော့်ကို လမ်းညွှန်သည်။ ကျနော်ကလည်း ဒီဘက်ကိုပြောင်းလာတာမကြာသေးတော့ လမ်းတွေသိပ်မသိချေ။
'ရောက်ပြီ ထွန်း'
'ဟုတ်'
'ထွန်း အိမ်ထဲဝင်အုန်းလေ'
'ဟုတ်'
ကျနော်လည်း နှစ်ခါပြောစရာမလိုအောင်ကိုပင် လေဒီ့နောက်ကောက်ကောက်ပါသွားသည်။
'လေဒီက တစ်ယောက်တည်းနေတာလား'
'ဟုတ်တယ်လေ ထွန်း'
'အော် သူဌေးကြီးတို့နဲ့အတူနေတယ် ထင်နေတာ'
'မဟုတ်ဘူး ပါပါးတို့နဲ့မနေချင်လို့'
'အော်'
'တို့အဝတ်လဲအုန်းမယ် ထွန်းခဏစောင့်အုန်း'
'ဟုတ်'
လေဒီက အိပ်ခန်းထဲဝင်သွားပြီး ခဏအကြာ အဝတ်စားလဲပြီးပြန်ထွက်လာသည်။
'တို့တွေ မုန့်သွားစားကြမလား'
'အင်း စားလေ ဒါနဲ့ ကျနော်လည်း အဝတ်လဲလို့ရမလား'
'ထွန်းမှာ အဝတ်ပိုပါလို့လား'
'ဟုတ်ပါတယ် အရေးပေါ်တွက်ဆောင်ထားတာ ဆိုင်ကယ်ေဘာက်ထဲမှာ သွားယူလိုက်အုန်းမယ်'
YOU ARE READING
အချစ်ဦး (First Love)
Romanceကြိုးတစ်ချောင်းကို လူနှစ်ယောက်တူတူ ဆုပ်ကိုင်မိပြီဆို အဲ့ကြိုးက ပြတ်ဖို့ခက်တယ်တဲ့။ ပြတ်သွားခဲ့ရင်လည်း ပြန်ဆက်ဖို့ခက်တယ်တဲ့။