တနေကုန်ကျနော်အဲ့လူနာဆောင်ဘက် ခြေဦးမလှည့်ခဲ့ဘူး။ မေနွယ့်ကိုဘဲသွားခိုင်းမိတယ်။ မေနွယ်လည်း သူ့ကိုတွေ့တော့တော်တေယ်လေးလန့်သွားတယ်။ သူကအရင်အတိုင်းဘဲ ဘာမှမပြောင်းလဲဘူး။ လှမြဲလှစဲဘဲ။
ညနေစောင်းရောက်တော့ ကျနော် သူ့စီကိုသွားခဲ့တယ်။ ကျနော်လည်း စိတ်ကိုထိန်းကာ အတတ်နိုင်ဆုံးပြုံး၍
'လဘက်ရည်တွေသောက်ပြန်ပြီလား လေဒီ... အယ် မဟုတ်ပါဘူး တီချယ်'
'အထွန်း'
သူမက အံ့ဩတကြီးနဲ့ ကျနော့်ကိုကြည့်တယ်။
'အထွန်း မင်းဒီကို...'
'ကျနော်က ဒီမှာတာဝန်ကျနေတာ'
'မတွေ့တာကြာတော့ မင်းအတော်လေးပြောင်းလဲသွားတာဘဲ ဆံပင်တွေတောင်အတော်ရှည်လာပြီ'
'တီချယ့်အမျိုးသားရော'
'သူက ဒီညနေမှရောက်မှာ'
'အော်'
'မင်းအဆင်ပြေရဲ့လား'
'ပြောတာပေါ့ ပြေတာမှအရမ်းဘဲ'
'အင်း ဝမ်းသာပါတယ်'
'တီချယ်ရော ပျော်ရဲ့လား'
'အင်း သူက မင်းထက်မပိုပေမယ့် မင်းလောက်နီးနီးတို့ကို ဂရုစိုက်ပါတယ်'
ကျနော်တို့နှစ်ယောက်လုံး ခဏတာငြိမ်သက်သွားသည်။
'အိ မင်းအဆင်ပြေရဲ့လား'
ထွက်ပေါ်လာသော အသံတစ်ခုကြောင့် ကျနော်တို့နှစ်ယောက်လုံး လှည့်မိသည်။
'အဆင်ပြေပါတယ် အကို'
ထိုလူက သူမ၏ နှဖူးလေးကို အနမ်းပေးလိုက်သည်။
'ညီမက တာဝန်ကျဆရာဝန်ထင်တယ် အိဘာဖြစ်တာလဲ'
'လူနာက အစာအိမ်ယောင်တာဘဲ ကျနော်ဆေးတေပေးထားလို့ သက်သာနေပါပြီ မနက်ကျ ဆေးရုံဆင်းလို့ရပြီ'
'ဟုတ်ကဲ့ပါ ဒေါက်တာ ကျေးဇူးပါ'
'အိရာ အကိုမင်းကိုပြောသားဘဲ အကိုနဲ့မှ အတူသွားပါလို့'
သူမဆက်ပြောမည့်စကားကို နားမထောင်တော့ဘဲ ကျနော်လည်းအဲ့နေရာက လှည့်ထွက်လာခဲ့လိုက်သည်။
YOU ARE READING
အချစ်ဦး (First Love)
Romanceကြိုးတစ်ချောင်းကို လူနှစ်ယောက်တူတူ ဆုပ်ကိုင်မိပြီဆို အဲ့ကြိုးက ပြတ်ဖို့ခက်တယ်တဲ့။ ပြတ်သွားခဲ့ရင်လည်း ပြန်ဆက်ဖို့ခက်တယ်တဲ့။