အိမ်ပြန်ရောက်တော့ အမေကလည်း အိမ်ပြန်ရောက်နေလေပြီ။
'အထွန်း မီးဖိုပေါ်က အိုးကဘာတွေလည်း'
'အော် တုမ်ယန်းဟင်းချိုတွေအမေ'
'အော် အေး ငါလည်းဘာမှ မချက်ချင်တာနဲ့ အတော်ဘဲ'
'အမေတို့ကလည်း ကိုယ့်သားသမီးကို ခိုင်းစားဖို့ချည်းဘဲ'
'ငါ့သမီးလေး လက်ရာမစားရတာဘယ်လောက်ကြာပြီတုန်း'
'စားပါဗျာ စားပါ စားပါ'
ကျနော်လည်း ပြောပြောဆိုဆိုဖြင့် အပေါ်ထပ်တတ်ကာ အခန်းထဲဝင်လာခဲ့သည်။ ကုတင်ပေါ်တွင်လှဲလိုက်ပြီး လေဒီ့စီဖုန်းဆက်လိုက်သည်။
'လေဒီ ကျနော်ပြန်ရောက်ပြီနော်'
'ဟုတ်ပြီ မောင်'
မောင်တဲ့ လေဒီက ထွန်းဟုမခေါ်ဘဲ ကျနော့်ကို မောင်ဟုခေါ်လိုက်သည်။ ကျနော်လည်း အရဲစွန့်ကာ နာမ်စားတစ်ခုကိုသုံးလိုက်သည်။
'ကောင်းပါပြီ အိမြတ်'
'ရှင်နော် လူကြီးကို ငရဲကြီးမယ်'
'ငရဲကြီးတော့ ငရဲလေးကိုနိုင်တာပေါ့ဗျာ'
'ဟွန့် အတတ်ကလေး'
ဟော ခေါ်ပြန်ပြီနောက်တစ်မျိုး။ မြတ်နိုးလိုက်တာဗျာ။
'စာလုပ်တော့ မောင်'
'ဟုတ်ကဲ့ပါ'
'တာ့တာမောင်'
'တာ့တာပါဗျ'
ချစ်ရသူစကားကို နားထောင်သောအားဖြင့် ကျနော်ဟာ လိုင်းကိုပိတ် စာအုပ်ဖွင့်ကာ စာစလုပ်တော့သည်။
စာလုပ်နေသည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်သည်။ ဗိုက်မှလည်း အသံပေါင်းစုံထွက်နေတော့သည်။ အခုမှ သတိရမိသည်က လေဒီစီက ပြန်အလာထမင်းစားဖို့မေ့သွားသည်ကိုပင်။
ထို့ကြောင့် အောက်ထပ်သို့ဆင်းကာ ထမင်းစားလိုက်သည်။ အမေကတော့ အိမ်ရှေ့ခန်းတွင် TVကြည့်နေလေသည်။
'အထွန်း မနက်အမေကျောင်းလိုက်ပို့မယ် စောစောထနော် '
'အမေအားလို့လား'
YOU ARE READING
အချစ်ဦး (First Love)
Romanceကြိုးတစ်ချောင်းကို လူနှစ်ယောက်တူတူ ဆုပ်ကိုင်မိပြီဆို အဲ့ကြိုးက ပြတ်ဖို့ခက်တယ်တဲ့။ ပြတ်သွားခဲ့ရင်လည်း ပြန်ဆက်ဖို့ခက်တယ်တဲ့။